<div style='background-color: none transparent;'></div>
Home » » ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သားတစ်ယောက်၏ မိခင်တစ်ဦး မှ သမ္မတထံ ပေးစာ (သို့) နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစောင်

ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သားတစ်ယောက်၏ မိခင်တစ်ဦး မှ သမ္မတထံ ပေးစာ (သို့) နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစောင်



သမ္မတကြီးရှင့်…

နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက် အယှက် ဖြစ်စေလိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက် မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ် ဖက် စွန့်ထား သူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။

ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေး တံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ် ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီး တို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။ ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ် တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မ အမျိုးသား ဟာ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သား ငယ်လေးဟာ ကချင်ပြည် နယ်မှာ အသက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်ဟာ အသက် စွန့်ပြီး စီးပွားရေး လုပ်ခဲ့ တာ မဟုတ် ပါဘူး။

တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မ တကြီး တို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည် နယ်ေ တွ ပါဝင် တဲ့ မြန်မာနိုင်ငံ မြေပုံ ကြီး ဖြစ်အောင် မွေးရပ်မြေ ကို စွန့်ခွာပြီး အသက်စွန့် တာဝန်ထမ်းေ ဆာင်နေ တဲ့ မြန်မာနိုင် ငံရဲ့ တပ်မတော် သားတွေပါရှင်။ အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။

ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော် ရွှင် ရွှင် ဖြတ် သန်းချိန်မှာ ကျွန်မသား အတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော် ရဲဘက်တွေပဲ ဖြစ်ခဲ့ ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲေ တွ ကို နှစ်ပေါင်း များစွာ မိသားစုနဲ့ အတူ ပျော်ရွှင်ခွင့် မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန် ဆုံဖို့ အခွင့် အရေးကို ဆုံးရှုံးခဲ့ရပါပြီ။

နိုင်ငံကြီးတစ်ခုက စစ်သား တစ်ယောက်ဟာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မ လုံေ လာက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးေ တာင်း ဆို လို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ် ငတ် အပြတ်ပြတ် တာဝန် ထမ်းဆောင် တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရ အဖွဲ့မှာ တာဝန် မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက် ချင်တယ်။ စစ်သား ဘ၀ကို ဖြတ်သန်းပြီးမှ သမ္မ တဖြစ် လာတဲ့ သမ္မတကြီး တို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ် ပါဘူးလား။ မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင် လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။

ကချင် ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ် ဆိုတဲ့ ကာလမှာ ကျွန်မ သား ဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေး သာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မ သား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေ ရမှာပါ။ ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မ သားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတ ကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ စကားေ ကြာင့် ဆို တဲ့ အတွေး ကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့ အမိန့်ကို ကာကွယ်ရေး ဦးစီး ချုပ် က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။

ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလို အပ် ဘူး။ ကေအိုင်အေပဲ လိုအပ်တယ် ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်း လိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည် တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော် သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။ အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။

သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင် မှာ သေဆုံးတုန်း ကတောင် အမေရိကန် သမ္မတ က သူ့မိသားစု တွေဆီကို ၀မ်း နည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အသက် ပေးခဲ့ရသူတွေ အတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူး လားလို့ မေးချင်ပါတယ်။ ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာ တစ်ဖက်မို့ အရူး တစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင် ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီး တို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။ သမ္မတကြီးကို အားကိုးယုံကြည်လျှက်။

ကျွန်တော်ထပ်ဖြည့်ပါရစေ....

ဒီပေးစာကို ကျွန်တော် ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲမှာ
ဖော်မပြနိုင် ပြောမပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရပါတယ်

တစ်ကယ်တော့ စစ်သားတိုင်းဟာ စစ်ကို မလိုကြပါဘူး ဒါကို တစ်ချို့တွေက
မြို့ပေါ်မှာနေ လမ်းပေါ်ထွက် ပြီး စစ်ပွဲတွေရပ်ပေးပါလို့ အော်နေတဲ့သူတွေကို
ကျွန်တော် စကားတစ်ခွန်းလောက် ပါးလိုက် ပါရစေ အဲဒါကတော့

စစ်ပွဲတွေကိုမုန်းတာ စစ်သားတွေနဲ့ စစ်သားမိခင်တွေ ဇနီးတွေ ဘဲရှိပါတယ်

credit to လမ်းပြကြယ်


 AP.NewsLover
Share this article :

1 comments:

susan said...

ဒါဆို စစ်ထဲမဝင်ကြနဲ့လေ။ သမ္မတကြီ:ကစစ်သားဖြစ်ခဲ့တာမှ မဟုတ်တာဘဲ။အစောကန ထဲကသေဖို့ စစ်ထဲဝင်ကြတာမဟုတ်ဘူ:လား။စစ်ထဲဝင်ကြတယ်ဆိုတာ ၁၀၉ ၁၁၀ တွေ ရည်:စားနဲ့ကွဲ ပညာမတတ် စီ:ပွာ:မရှိ အလုပ်အကိုင်ရှာဖွေမရတဲ့သူတွေ ဝင်တာလေ။ သူတို့က အကြိုက်ပေါ့။ ခလေးစစ်သားတောင် စုဆောင်းနေရတာ ရင်မြေကတုတ် ဓားဆာခံတွေလိုနေပါတယ်ဆိုမှ။ဒေါ်ကြီ:ကို မစာနာ လို့ပြောတာမဟုတ်ဘူ:။ အဲ ဒေါ်ကြီ:သားသာ စစ်ဗိုလ်ဖြစ်ပြီ:တိုက်ပွဲကျရင် ရရမှာပေါ့ တယ်လီဖုန်း တို့ မြေကွက်တို့ ဆိုင်ခန်: တို့။ လျော်ကြေ:သိန်:ဂဏန်:။ နောက်လူတွေ စစ်ထဲမဝင်ကြဘို့သာ ဆရာမတယောက်အနေနဲ့ ပညာပေးပေတော့။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map