<div style='background-color: none transparent;'></div>

Home » » အာဏာရှင်၏ နောက်ဆုံးနေ့ရက်များ ပြတိုက်

အာဏာရှင်၏ နောက်ဆုံးနေ့ရက်များ ပြတိုက်




ရိုမေးနီးယားကို ကွန်မြူနစ်စနစ် ကျင့်သုံးပြီး အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သော နီကိုလေး ကူအာဆက်စ်ကူနှင့် ဇနီးဖြစ်သူ အီလီနာတို့ကို လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)ကျော်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများဖြင့် စွဲချက်တင် သေဒဏ်ပေးခဲ့


ရက်များ မှတ်တမ်း ပြတိုက် တစ်ခုကို ရိုမေးနီးယားနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ် ပြသသွားမည်ဟု သိရသည်။ ရိုမေးနီးယားကို ကွန်မြူနစ်စနစ် ကျင့်သုံးပြီး အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သော နီကိုလေး ကူအာဆက်စ်ကူနှင့် ဇနီးဖြစ်သူ အီလီနာတို့ကို လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)ကျော်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများဖြင့် စွဲချက်တင် သေဒဏ်ပေးခဲ့ပြီး ယခုအခါ ၎င်းအာဏာရှင်နှင့် ဆက်နွယ်သည့် ပြတိုက်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ယင်းပြတိုက်တွင် နီကိုလေးတို့ ဇနီးမောင်နှံ သေဆုံးခါနီး နောက်ဆုံး (၂)ရက်တာ အတောအတွင်း ရှင်သန်နေထိုင် ဖြတ်သန်းမှု မှတ်တမ်းများကို စုဆောင်း ပြသထားသည်။


ဒီမိုကရေစီ လိုလားသော အုံကြွမှုများနှင့်အတူ ဘဝအဆုံးသတ်ခဲ့သည့် နီကိုလေး၏ နောက်ဆုံးနေ့ရက်များ ပြတိုက်မှာ တာဂိုဗစ္စတာရှိ စစ်ဘက် အဆောက်အအုံဟောင်း တစ်နေရာတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ တာဂိုဗစ္စတာသည် မြို့တော် ဘူခါရက်စ်မှ အနောက်မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် တည်ရှိသော မြို့လည်း ဖြစ်သည်။ ပြတိုက်ပြုလုပ်ထားသည့် စစ်ဘက် အဆောက်အအုံတွင် တစ်ချိန်က နီကိုလေးတို့ ဇနီးမောင်နှံကို ရုံးတင်စစ်ဆေးကာ သေဒဏ်ပေးခဲ့သည်။ နီကိုလေးသည် ရိုမေးနီးယားကို (၂၅)နှစ်နီးပါးမျှ သံမဏိ စည်းမျဉ်းများဖြင့် တစ်သွေး၊ တစ်သံ၊ တစ်မိန့် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။


ပြတိုက်သို့ သွားရောက် ကြည့်ရှုသူများသည် နီကိုလေးတို့ ဇနီးမောင်နှံ နောက်ဆုံး အသုံးပြု စားသောက်ခဲ့သည့် သံမဏိ ပန်းကန်ပြားများကို တွေ့မြင်နိုင်မည် ဖြစ်သလို ၎င်းတို့နှစ်ဦး အိပ်စက်ခဲ့သည့် ကုတင်များကိုလည်း လေ့လာခွင့် ရှိမည်ဟု ဆိုသည်။ ထို့အပြင် တက်သုတ်ရိုက် ဖွဲ့စည်းထားသည့် တရားစီရင်ရာ အခန်းငယ်လေးကိုလည်း ထိုစဉ်က ပုံစံအတိုင်း အပြောင်းအလဲမရှိ ထိန်းသိမ်းထားသည်ကို တွေ့ရှိနိုင်မည်ဟု သိရသည်။ အဆိုပါ တရားစီရင်ရာ နေရာလေးတွင်ပင် (၁၉၈၉)ခုနှစ်၊ ခရစ္စမတ်နေ့တွင် နီကိုလေးတို့ ဇနီးမောင်နှံကို သေနတ်ဖြင့် ပတ်သတ်ခဲ့ခြင်း ဖြစ်သည်။ သေဒဏ်စီရင်သည့် နေရာကို မှန်အကာအရံများဖြင့် ထားရှိ ပြသထားသည်။


အင်္ဂါနေ့က  ရိုမေးနီးယား စစ်တပ်မှ ဗိုလ်ချုပ် အန်ဒရီ ကီမန်ဆီက သတင်းထောက်များကို ဦးဆောင်ကာ ပြတိုက်အတွင်း လှည့်ပတ် ရှင်းလင်း ပြသခဲ့သည်။ အန်ဒရီသည် ထိုစဉ်က မြို့စောင့်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူလည်း ဖြစ်သည်။ "သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ နီကိုလေးက စားစရာ ပေါင်မုန့်ညိုနဲ့ သကြားလုံးလောက်ပဲ ပေးလို့ဆိုပြီး မကျေမနပ် ဖြစ်ခဲ့သေးတယ်"ဟု ဗိုလ်ချုပ် အန်ဒရီက အမှတ်တရ ဆိုသည်။ နီကိုလေးသည် အဝတ်အစား လဲပေးရန် တောင်းဆိုခဲ့သေးသလို စစ်တန်းလျား ကင်တင်းတစ်ခုတွင် အသုံးပြုရန် မိမိထံမှ ပိုက်ဆံ ချေးဖူးကြောင်းလည်း အင်ဒရီက ဆက်လက် ပြောကြားခဲ့သည်။


(၁၉၈၉)ခုနှစ်က နီကိုလေး၏ သစ္စာတော်ခံ ရိုမေးနီးယား စစ်တပ်သည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ စနစ်ကို လိုလားသော ဆန္ဒပြသူ (၁၁၀၀)ကျော်ကို ပစ်သတ်ခဲ့သည်။ ယင်းတို့အနက် အများစုသည် လက်နက်မဲ့ အရပ်သားများ ဖြစ်သည်။ ထိုနှစ်၏ ဒီဇင်ဘာ (၂၂)ရက်နေ့တွင် နီကိုလေးသည် အခြေအနေ ဆိုးရွားလာသည့် ဘူခါရက်စ် မြို့တော်ကို ရဟတ်ယာဉ် တစ်စင်းဖြင့် စွန့်ခွာ ထွက်ပြေးခဲ့သည်။ ၎င်းအလွန် အားထားရသည့် ကာကွယ်ရေးဝန်ကြီး ဗာဆီလီ မီလီရာသည် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်ပြီးနောက် ရဟတ်ယာဉ် ပိုင်းလော့နှင့် ၎င်း၏ လူယုံများကပါ စွန့်ပစ်ခဲ့သည့် အခြေအနေကို နီကိုလေးတို့ ဇနီးမောင်နှံ ကြုံတွေ့ခဲ့ရသည်။


ထို့နောက် ၎င်းတို့နှစ်ဦး ခြေလျင် ထွက်ပြေးခဲ့ပြီး တာဂိုဗစ္စတာတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းမြို့လေးတွင်ပင် တရားရုံးဖွဲ့ စစ်ဆေးမှုကို ကြုံခဲ့ရသည်။ စစ်ဆေးမှုသည် (၂)နာရီသာ ကြာမြင့်ခဲ့ပြီး စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က နီကိုလေးဘက်မှ လျှောက်လှဲသည့် ဥပဒေ အကျိုးဆောင်များက မိမိတို့သည် ပြင်ဆင်ချိန် လုံးဝ မရှိကြောင်း ပြောကြားခဲ့သလို တရားခွင်သို့ သက်သေအဖြစ် ရောက်ရှိလာသည့် နီကိုလေး၏ လူယုံဟောင်းများကို သစ္စာဖောက်များဟု စွပ်စွဲခဲ့ဖူးသည်။ ထို့နောက် တရားရုံး စီရင်ချက်အတိုင်း ထိုအဆောက်အအုံ ခြံဝင်းအတွင်းတွင်ပင် နီကိုလေးတို့ ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်ကို ယခုလ နှောင်းပိုင်းတွင် အများပြည်သူများအတွက် စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ဝင်ကြေးကို (၇)လိုင် [၂.၁ ဒေါ်လာ] သတ်မှတ်ကောက်ခံသွားမည်ဟု သိရှိရသည်။

Planet

Myanmar Forward..............မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map