<div style='background-color: none transparent;'></div>

Home » » တေးသံရှင်ဆိုတေးစကားစပြော

တေးသံရှင်ဆိုတေးစကားစပြော



ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီး တွင် နှစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက် ရှိသော တေးသံရှင် ဆိုတေးသည် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာလျက်ရှိပြီး မိသားစုများ၊ ဆေးရုံရှိ ဆရာ၊ ဆရာမများနှင့်အတူ ကောင်းမွန်စွာ စကားပြန်လည် ပြောနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
“ဆိုတေးက ပြီးခဲ့တဲ့နှစ်ရက်လောက် ကတည်းက စကားလည်း ပြောနိုင်ပြီ။ နန်းဆုရတီစိုးနဲ့လည်း ဖုန်းနဲ့ စကားပြောတယ်။ ဦးနှောက်ပိုင်း မှတ်ဉာဏ်ကလည်း ကောင်းတယ်။ ကျန်းမာရေး အခြေအနေကတော့ တော်တော်လေး ကောင်းမွန်နေပါတယ်” ဟု ဦးမင်းလွင်က ဆိုသည်။

တေးသံရှင် ဆိုတေးသည် မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ် ကုသဆောင်တွင် ၄၉ ရက်ကြာ တက်ရောက် ကုသရာမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွှေ့ ကုသလျက်ရှိရာ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ဆိုသည်။
“အခု ရေချိုးပေးနေတယ်။ မီဒီယာတွေနဲ့တော့ အင်တာဗျူး မဖြေနိုင်သေးဘူး။ စကားလည်း ပြောနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ ဆိုတေး၏ ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောသည် မိတ္ထီလာ ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ဆိုတေးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေရခြင်း ဖြစ်သည်။

The Voice Weekly

thithtoolwin
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map