<div style='background-color: none transparent;'></div>

Home » » အမေရိကမှ ပြန်လည်ရောက်ရှိလာပြီး ကြော်ငြာများရိုက်ကူးနေတဲ့ စိုးသူ

အမေရိကမှ ပြန်လည်ရောက်ရှိလာပြီး ကြော်ငြာများရိုက်ကူးနေတဲ့ စိုးသူ

အမေရိကကို နှစ်လကြာ အလုပ်ကိစ္စတွေလုပ်ဆောင်ဖို့ ခေတ္တ ပြန်သွားတဲ့စိုးသူ အခုမြန်မာနိုင်ငံ ကိုပြန် လည် ရောက် ရှိနေပြီ ဖြစ်ပါတယ်။
ဒီတစ်ခေါက် မြန်မာနိုင်ငံရောက်ရှိနေတဲ့အချိန်အတွင်းမှာ အနုပညာမဟုတ်တဲ့ တခြားအလုပ် တွေလည်း လုပ်ဖြစ် နေသလို အခု လက်ရှိတော့  Mango Media Group က ထုတ် ကုန်ပစ္စည်းအ တွက် ကြော်ငြာလည်းရိုက်ကူးနေကြောင်း စိုးသူက ပြောပါတယ်။မန္တလေးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့စိုးသူက “အဲဒါ အရင်ကတည်းက စီစဉ် ထားတယ်။ အချိန်လေးပဲ ညှိရမှာ။ မိုးကုန်မှလုပ်မလား၊ ဆောင်းတွင်းမှ လုပ်မလားဆို တာလေး ညှိဖို့ပါပဲ။ ဖျော်ဖြေပွဲ လုပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။  မိုင်ဒါကွင်းမှာ  ကျင်းပခဲ့တဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲကိုလည်း အခွေထွက်ဖို့ စီစဉ်နေတဲ့အပေါ်မှာလည်း စိုးသူက “အဲဒါကလည်း လုပ်ဖြစ်မှာပါ။ စုပြီးတော့ နားထောင်ချင်၊ သိမ်း ထားချင်တဲ့ ပရိသတ်တွေရှိတယ်လေ။ သူတို့ကိုမေးလည်းမေးထား တယ်။ဒါပေမဲ့ အခုပွဲလေးနဲ့ အချိန်လေး နည်းနည်းလေး၊ကာလ လေးတစ်ခု ရောက်လာတဲ့အခါကျေ တာ့ နောက်က ပွဲလေးတစ်ခု ပြီးမှ ဒီအခွေကိုလုပ်မလားလို့ စိတ်ကူးထားပါတယ်။ အကောင်း ဆုံးဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။ စိုးသူ က တစ်ခေတ်တစ်ခါ က ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကြောင့် သူတို့ ခေတ်က ရုပ်ရှင်ရုံတွေရဲ့အခြေအနေတွေ ကိုမေးတော့ “အဲဒီခေတ် တုန်းကရုံတွေကသူ့ဟာနဲ့သူအထိုက် အလျောက်ရှိတယ်။ ကျွန်တော် တို့ ခေတ်တွေမတိုင် ခင်တုန်းကလည်း ရုပ်ရှင်ရုံကြီး တွေရှိခဲ့တယ်။ တချို့ ရုံတွေကလည်း ကျွန်တော်တို့ ခေတ်မှာမရှိတော့ဘူး။တချို့ ရုံတွေကတော့ရှိသေးတယ်။ နောက်ထပ် ရုံအသစ်တွေလည်း ရှိ လာတယ်။ ရုံတွေကတော့ သူ့သတ်မှတ်တဲ့ရက်၊ ဆင်ဆာ ရက်နဲ့ စောင့်ပြီး ရုံတင်ရတယ်။ ရုံတင်ပြီဆိုရင် လည်း တစ်ရုံတည်း မဟုတ်ဘဲနဲ့ တစ်ပြိုင်နက်တည်း ရုံတွေအပြိုင်ရုံတင်တယ်။ အဲဒီအခါမှာလည်း ပရိသတ်တွေက တအားစောင့်မျှော်ပြီး အားပေးကြတယ်။ လက်မှတ်ေ တွ တန်းစီပြီး ပွဲချိန်တွေကိုစောင့်ပြီး အားပါးတရ အားပေးကြတာ ကို တွေ့မြင်ရပါ တယ်။ကျွန်တော်တို့ စခဲ့တုန်းကတော့ ရုပ်ရှင် ဇာတ်ကား ကြီးပဲရှိတယ်။ဆေးရောင် စုံတောင် မပေါ်သေးဘူး။အဖြူအမည်းပဲ ရှိတယ်။ အဖြူအမည်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ စရိုက်ခဲ့ရတယ်။ အဲဒါပြီးတော့မှ တီဗီဇာတ်လမ်း တွဲတွေ၊ ဗီဒီယိုတွေ၊ ဒီဗီဒီတွေ အဆင့် ဆင့်ပေါ် လာတာပေါ့။ အဲဒီအချိန်တုန်းက ဖလင်တွေက ရှားလာပြီဆိုပေမယ့်တော်တော်လေး ရိုက်ဖို့အတွက် အဆင်ပြေပြေနဲ့ သူ့ဟာနဲ့သူ လုံလုံလောက်လောက် ရှိနေတဲ့ အနေအထားပေါ့။ နောက်တော့ တဖြည်းဖြည်း နဲ့ ဖလင်တွေ နည်းနည်းရှား လာတာပေါ့” လို့ ပြောပါ တယ်။ အခု အချိန်မှာရော ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ဖို့ စိတ်ကူးရှိမလားလို့ မေးတော့ စိုး သူက “သူတို့ခေတ်နည်းစနစ်တွေနဲ့ မေး မြန်းပြီးတော့ အလျဉ်းသင့် တာ လေးတွေ၊ ကောင်းနိုးရာရာလေးတွေတော့လုပ်သွား ချင်ပါသေး တယ်။ အနုပညာလောက အတွက် အကျိုးရှိမယ်၊ မိဘ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော့် အနေနဲ့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ဖြစ် တစ်တပ်တစ် အားပါဝင်ဖို့ အသင့် ပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map