<div style='background-color: none transparent;'></div>

Home » » မန်ချက်စတာဒါဘီပွဲအတွက် လုံခြုံရေးစည်းမျဉ်းများ တိုးမြှင့်မည်

မန်ချက်စတာဒါဘီပွဲအတွက် လုံခြုံရေးစည်းမျဉ်းများ တိုးမြှင့်မည်


လာမည့် မန်ချက်စတာ ဒါဘီပွဲတွင် ယမန်နှစ်ကကဲ့သို့ အကျည်းတန်ဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုံခြုံရေးတိုးမြှင့်ပြီး
စည်းမျဉ်းသစ်များ ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မန်ယူက မန်စီးတီးကို ၂-၃ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဗန်ပါစီ အနိုင်ဂိုးသွင်းပြီးနောက် မန်စီးတီး ပရိသတ်များရှေ့ သွားရောက်အောင်ပွဲခံခဲ့သည့် မန်ယူနောက်ခံလူ ဖာဒီနန်မှာ ပြိုင်ဘက်အသင်း ပရိသတ်၏ အကြွေစေ့ဖြင့် ပစ်ပေါက်မှုကြောင့် မျက်ခွံကွဲခဲ့သည့်အပြင် မန်စီးတီး ပရိသတ်တစ်ဦးမှာ ကွင်းအတွင်း ၀င်ရောက်၍ ဖာဒီနန်ကို ရန်မူရန် ကြိုးပမ်းခဲ့ပြီး ယင်းကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့က အသင်းနှစ်သင်းစလုံး၏ တာဝန်ရှိသူများ၊ ဒေသခံ ရဲတပ်ဖွဲ့များ၊ ပရိသတ်ကိုယ်စားပြု ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာခဲ့ကြသည်။ ယင်းကဲ့သို့ ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် မီးခိုးဗုံး၊ မီးရူးမီးပန်းများကို အမဲလိုက်ခွေးများဖြင့် အနံခံရန်၊ လုံခြုံရေး တာဝန်ကျသူများအနေဖြင့် အကာအကွယ် မျက်မှန်များ ၀တ်ဆင်ရန်၊ ပြိုင်ပွဲမစတင်မီ ပြိုင်ဘက်အသင်းကို ထိခိုက်စေမည့် ဂရက်ဖစ်တီ ရေးဆွဲမှုများအား ပိတ်ပင်ရန်စသည့် အချက်များ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မန်ချက်စတာမြို့ရှိ စားသောက်ဆိုင်များအနေဖြင့် ပရိဘောဂ၊ စားပွဲများအား ဖယ်ရှားထားရန်နှင့် ပလပ်စတစ်မှန်ကိုသာ အသုံးပြုရန်စသည့် တားမြစ်ချက်များလည်း ပါဝင်ခဲ့သည်။ သို့သော် အဆိုပါပွဲစဉ်မတိုင်မီ မန်ချက်စတာမြို့လယ်စင်တာတွင် အရက်သေစာ သောက်စားမှုကို ပိတ်ပင်မည့်ကိစ္စအား ဖျက်သိမ်းခဲ့သည့်အတွက် ဘောလုံးပွဲကြည့်မည့် ပရိသတ်များအနေဖြင့် အရက်သေစာ သောက်သုံးနိုင်မည်ဖြစ်သည်။ မန်စီးတီးနှင့် မန်ယူတို့မှာ ယခုလ ၂၂ရက်နေ့တွင် မန်ချက်စတာဒါဘီပွဲ ကစားရမည်ဖြစ်သည်။


ဇော်ထွန်း(ရိုးရာလေး).......................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map