<div style='background-color: none transparent;'></div>

Home » » ဘေးလ်ထက် အိုဇဲလ်၏အင်္ကျီ ၅ဆပိုရောင်းနေရ

ဘေးလ်ထက် အိုဇဲလ်၏အင်္ကျီ ၅ဆပိုရောင်းနေရ



ယခုအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်သို့ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိခဲ့သည့် ဘေးလ်ထက် အိုဇဲလ်က
အင်္ကျီပိုရောင်းချနေရကြောင်း အားကစားပစ္စည်းများရောင်းချမှုဆိုင်ရာ ဗြိတိန်ကုမ္ပဏီက ထုတ်ဖော်လိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ သက်ဆိုင်ရာအသင်းများတွင် နံပါတ်(၁၁)ဂျာစီ ၀တ်ဆင်သူများဖြစ်ပြီး အိုဇဲလ်၏ အာဆင်နယ်အင်္ကျီ (၅)ထည် ရောင်းချရချိန်တွင် ဘေးလ်၏ ရီးရဲလ်အင်္ကျီ (၁)ထည်သာ ရောင်းချခဲ့ရကြောင်း အဆိုပါ ကုမ္ပဏီ၏ အချက်များတွင် ဖော်ပြထားသည်။

ထို့အပြင် ဘေးလ်မှာ ဘာစီလိုနာ တိုက်စစ်မှူး နေမာ၏ အင်္ကျီရောင်းအားကိုလည်း မမီသေးကြောင်း သိရသည်။ သို့သော် အဆိုပါ ကုမ္ပဏီမှာ ဘေးလ်၏ အင်္ကျီရောင်းအားကောင်းလာနိုင်သည်ဟု အရိပ်အမြွက်ဆိုထားသည်။“အိုဇဲလ်အကျီင်္(၅)ထည်ရောင်းရချိန်မှာ ဘေးလ်ရဲ့အင်္ကျီတစ်ထည်ပဲ ရောင်းရသလို နေမာရဲ့အင်္ကျီရောင်းအားကို ဘေးလ်
မမီသေးပေမယ့် သူ့ရဲ့ရီးရဲလ်ဂျာစီကို စိတ်မ၀င်စားဘူးလို့ ပြောရင်တော့ မှားသွားနိုင်ပါတယ်”ဟု ပြောခဲ့ခြင်းဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး).......မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map