<div style='background-color: none transparent;'></div>

Home » » Firefox OS ဖုန်းထွက်သော်လည်း ပြိုင်ဘက်များကို ယှဉ်နိုင်ရန် ခက်ခဲ

Firefox OS ဖုန်းထွက်သော်လည်း ပြိုင်ဘက်များကို ယှဉ်နိုင်ရန် ခက်ခဲ



ဟောင်ကောင်၊ သြဂုတ် ၁၈

Mozilla ကုမ္ပဏီထုတ် Firefox OS အပြာရောင်နှင့် လိမ္မော် နှစ်မျိုးခွဲကာ အမေရိကန်နှင့် ဗြိတိန်တို့တွင် ထုတ်မည် ဖြစ်သော်လည်း အောင်မြင်ရန် အခွင့်အရေး နည်းနိုင်ကြောင်း CNET သတင်းတွင် ဝေဖန် ရေးသားထား သည်။

Firefox ဖုန်းဟု ဆိုကာ အရောင်အသွေး ဆန်းပြားပြီး ထူးခြားသည့် စက်လည်ပတ်ရေး စနစ် OS အသစ်ဖြင့် ထုတ်ထားသော်လည်း လူစိတ်ဝင်စားမှု ရရန် ကြိုးစားရဦးမည် ထင်ကြောင်း၊ လက်ရှိဈေး ကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းကာ ထုတ်မည်ဟု ဆိုထားသော်လည်း ဖုန်းဆက်သွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးများ သည် Android OS ကိုသာ စိတ်ဝင်စားပြီး ထိုဖုန်းများမှာလည်း ဈေးနှုန်း လွန်စွာ သက်သာနေသဖြင့် ဈေးကွက်ကို ဖောက်နိုင်ရန် ခက်ခဲလိမ့်မည် ဟု Gartner သုတေသန ဌာနက သုတေသီကာရို လိုင်းနား မီလာနီဆီက ပြောကြားသည်။

ZTE ကုမ္ပဏီကလည်း carrier-free ဖြင့် Open ဖုန်းများကို ရောင်းချလျက် ရှိပြီး အမေရိကန် ပြည်ထောင်စုတွင် ထိုဖုန်း တစ်လုံးကို ၇၉ ဒသမ ၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ ဗြိတိန်တွင် ၅၉ ဒသမ ၉၉ ပေါင်ဖြင့် လည်းကောင်း ရောင်းချနိုင်ရန် ပြင်ဆင်ထားသည့်အပြင် အခြားနိုင်ငံ သုံးနိုင်ငံတွင်ပါ ဈေးပေါသော ဖုန်းများကို ဖြန့်ချိမည် ဆိုသဖြင့် Firefox OS ဖုန်းများ အနာဂတ် အရေးသည် ရင်လေးဖွယ်ရာ ဖြစ်သည်။

သို့သော် Mozilla ၏ တီထွင်သူ တစ်ဦးဖြစ်သူ ခရစ်တီယန် ဟေးလ်မန်းကမူ မိမိတို့ဖုန်းအပေါ် တုံ့ပြန်မှု အားကောင်းကြောင်း မိမိတို့ ဖုန်းများကို စမတ်ဖုန်း များ နေရာတွင် အစားထိုး သုံးစွဲလာရန် အလား အလာရှိကြောင်း ပြောကြား ခဲ့သည်။

Mozilla ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ လီဂေါင်းကလည်း စပိန်တွင် နေထိုင်သူ တရုတ်လူမျိုး တစ်ဦးသည် ဟောင်ကောင်သို့ ထိုဖုန်းများကို ပြန်ယူသွားရန် အလုံး ၁၀၀ မှာထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အနေအထားတွင် Android ဖုန်းများသည် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားသည့် အပြင် တရုတ်တွင်လည်း ဆက်သွယ်ရေး ကုမ္ပဏီ လိုင်စင် ရထားသူများက တစ်လုံးလျှင် ဒေါ်လာ ၈၀ မှ ၉၀ အတွင်း သာ ရောင်းချနေသဖြင့် ဖုန်းများ ဈေးကွက်တိုးရန် ခက်ခဲနိုင်ကြောင်း မီလာနီဆီက ဆိုသည်။

အေးချမ်းမွန်......................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map