<div style='background-color: none transparent;'></div>

Home » » ဂျပန်နိုင်ငံတွင် မော်ဒယ်အဖြစ် အနုပညာ ခရီးလျှောက်လှမ်းနေတဲ့ မြန်မာပြည်ဖွား မြတ်နိုး

ဂျပန်နိုင်ငံတွင် မော်ဒယ်အဖြစ် အနုပညာ ခရီးလျှောက်လှမ်းနေတဲ့ မြန်မာပြည်ဖွား မြတ်နိုး




နိုင်ငံရပ်ခြားမှာ အောင်မြင်အောင် ကြိုးစား နေကြတဲ့ မြန်မာ လူငယ်တွေ များစွာ ရှိကြပါတယ်။ ဒီလူငယ်တွေ ထဲကမှ ဂျပန်နိုင်ငံက harajuku tv,FM urayatsu Rainbow town FM စတဲ့ ချန်နယ် တွေ မှာ မော်ဒယ် အဖြစ်ရော Presenter အဖြစ်ပါ အလုပ်လုပ်နေတဲ့ မြတ်နိုး လည်းတစ်ဦး အပါ အဝင်ဖြစ် ပါတယ်။

သူက ၂ဝ၁ဝခုနှစ် ဧပြီလမှာ ဂျပန်ကို ရောက်ရှိ နေတာဖြစ်ပြီး ဂျပန်အသိ မိသားစု တွေရဲ့ အားပေး မှုတွေကြောင့် ၂ဝ၁၃ ခုနှစ်မေလ မှာ မော်ဒယ် အဖြစ်စလုပ် ခဲ့တာဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။ မော်ဒယ် လုပ်ရင်းနဲ့ မြန်မာ လူမျိုးဖြစ်ပြီး အင်္ဂလိပ် ဘာသာ၊ တရုတ် ဘာသာ၊ ဂျပန်ဘာသာနှင့် ကိုရီးယားဘာသာ စကားတွေကိုလည်း ပြောဆိုတတ် တာကြောင့် TV Station နှင့်Radio FM တွေက စိတ်ဝင်စားပြီး အစမ်းသွား လုပ်ကြည့်ရင်းနဲ့ အခုနောက်ပိုင်း regular အဖြစ်နဲ့ presenter အလုပ်ကို လုပ်ဖြစ်သွားခြင်း ဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။

"မြတ်နိုးမော်ဒယ် တစ်ခုထဲ မဟုတ်ဘဲ သီချင်း လည်းဆိုနေပါတယ်။ အခုထိတော့ တအားအခက် အခဲတွေ့ခဲ့တာ မရှိသေးပါဘူး။ ဂျပန် လူမျိုးတွေက မြန်မာကို နှစ်သက်တဲ့ အတွက် အလုပ်မှာရော အားလုံးက ဝိုင်းပြီးသင်ပေး တာကြောင့် အခုထိတော့ တော်တော် အဆင်ပြေပါတယ်။ ဒီနှစ်ဇူလိုင်မှာ JMAC အဖွဲ့အစည်းကJapan Myanmmar Friendship Ambassador ရထားတဲ့အတွက် နောက်ပိုင်း မှာ မော်ဒယ်လုပ် ရင်းFriendship Ambassadorအလုပ် ကိုပါ ကြိုးစားသွားမှာပါ။ အခုဒီမှာ College တက်နေတာမို့ မြန်မာ နိုင်ငံကို ကျောင်းပိတ်ရင် အခွင့်ရတိုင်းပြန်ပါတယ်" လို့ပြောပါ တယ်။

မြတ်နိုးဆိုတဲ့နာမည်ကို ဂျပန် အသံထွက်နဲ့ဆိုရင် ခေါ်ရခက်တာကြောင့် Esther ဆိုတဲ့နာမည်နဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဂျပန်မှာရောက်ရှိ နေတဲ့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူဒါရိုက် တာအောင်လင်းနိုင်ရိုက်ကူးမယ့် 'အရုပ် ကလေးရဲ့ နတ်သမီး' ဗီဒီယို ဇာတ်ကားမှာပါဝင် သရုပ်ဆောင်သွား မှာဖြစ် ကြောင်းသိရပြီး ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးမြတ်နိုးက "ဒါရိုက်တာ ကိုအောင်လင်းနိုင်ကို အသိ မိတ်ဆွေက မိတ်ဆက်ပေးလို့ သိသွား တာပါ။ ကိုအောင် လင်းနိုင်ဆီကနေ acting ပိုင်းပညာတွေလည်း သင် ချင်လို့ ဗီဒီယို ရိုက်ဖြစ်သွားတာပါ။ နည်းနည်း သဘောမကောင်းတဲ့ေ နရာကသရုပ်ဆောင် လို့ မရသေးတဲ့အတွက်ပရိသတ်တွေ မုန်းသွားမှာ ကိုတော့တအားစိုးရိမ်နေမိပါတယ်" လို့ပြော ပြီးဒီဇာတ်ကားက သူ့ရဲ့ပထမဆုံးရိုက်တဲ့ ဇာတ် ကားဖြစ်ကြောင်း သိရပါတယ်။


BY POPULAR NEWS
 
 
သတင်းချစ်သူ - ဝေဟင်........................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map