<div style='background-color: none transparent;'></div>

Home » » ရန်ကုန် မြို့တွင် ဂျပန် နည်းပညာသုံး BRT စနစ် သီးသန့် မော်တော်ယာဉ် လမ်းကြောင်း ပြေးဆွဲမှု မော်တော်ယာဉ် ၉၄ စီးဖြင့် စတင်မည်

ရန်ကုန် မြို့တွင် ဂျပန် နည်းပညာသုံး BRT စနစ် သီးသန့် မော်တော်ယာဉ် လမ်းကြောင်း ပြေးဆွဲမှု မော်တော်ယာဉ် ၉၄ စီးဖြင့် စတင်မည်


ရန်ကုန် သြဂုတ် ၁၉
ပြည်တွင်း၌ မကြာမီ အကောင်အထည် ဖော်မည့် BRTစနစ်သုံး သီးသန့် မော်တော်ယာဉ် လမ်းကြောင်း ပြေးဆွဲမှုတွင် မော်တော်ယာဉ် ၉၄စီးဖြင့် စတင်စမ်းသပ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း OMINI FOCUS ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ BRTစနစ် အကောင်အထည် ဖော်ရန်အတွက် ကျွမ်းကျင် နည်းပညာရှင်များ ခေါ်ယူ လုပ်ကိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် GPSစနစ် တပ်ဆင် အသုံးပြုမည် ဖြစ်ကြောင်း၊ ယင်းအတွက် မော်တော်ယာဉ် ချွတ်ယွင်းမှုနှင့် အခြားသော ကိစ္စရပ်များအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပြီး ဝန်ဆောင်မှုကို အမြန်ဆုံး လုပ်ဆောင် ပေးနိုင်မည်ဖြစ် ကြောင်း သိရှိ ရသည်။
''GPS စနစ် ထည့်သွင်း အသုံးပြုတဲ့နေရာမှာ ဂျပန်က စက်ပစ္စည်းတွေနဲ့ ကိုက်ညီမယ့် စနစ်တွေ ပြောင်းလဲ အသုံးပြုမှာပါ။  ဂျပန် နိုင်ငံက နည်းပညာအတိုင်း ဆောင်ရွက်မှာပါ။ ဝန်ထမ်း ခေါ်ယူမှုအနေနဲ့က ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေ က အဆင်သင့် ရှိပါတယ်။ နည်းပညာ ရှင်တွေကို ခေါ်ယူ မှာပါ'' ဟု ၎င်းကုမ္ပဏီမှ  ဦးနေဝင်းက ပြောကြားသည်။
ယင်းBRT စနစ်ပြေးဆွဲမှုသည် နိုင်ငံတကာတွင် တွင်ကျယ်စွာ ရှိနေပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် စတင် အကောင် အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ပြေးဆွဲမည့် မော်တော်ယာဉ်များ အတွင်း၌ GPS စနစ်များ အပါ အဝင် လေအေးပေး စက်များနှင့် တစ်စီးစီတွင် CCTV ကင်မရာ လေးလုံး တပ်ဆင်အသုံး ပြုသွားမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ် များအတွင်း GPS စနစ် အသုံးပြုရမည် ဖြစ်သောကြောင့် GPS ကျွမ်းကျင်သောအဖွဲ့ ပြန်လည်ဖွဲ့စည်း မည် ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့် ရရှိချိန်တွင် စတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။  


စိုးမိုး..........မြ၀တီ.................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map