<div style='background-color: none transparent;'></div>

Home » » အော့စ်ဗယ်ဒိုကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဆောက်သမ်တန် ခေါ်ယူ

အော့စ်ဗယ်ဒိုကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဆောက်သမ်တန် ခေါ်ယူ



ဆောက်သမ်တန်မှာ ရိုးမားတိုက်စစ်မှူး အော့စ်ဗယ်ဒိုကို အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၁၅သန်းဖြင့် ခေါ်ယူလိုက်သည်။ အော့စ်ဗယ်ဒိုမှာပြီးခဲ့သည့်ရာသီက ရိုးမားအတွက် စီးရီးအေ သွင်းဂိုး ၁၆ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဆောက်သမ်တန်နည်းပြ ပိုချက်တီနိုနှင့် အက်စ်ပန်ညိုတွင် လက်တွဲခဲ့ဖူးသူများဖြစ်သည်။

ဆောက်သမ်တန်မှာ အော့စ်ဗယ်ဒိုအတွက် ပေါင် ၁၂.၅သန်း ပေးချေခဲ့ရပြီး ကစားသမား၏ စွမ်းဆောင်မှုအလိုက် ပေါင် ၁.၇သန်း ပေးချေရ
မည်ဖြစ်သည်။ အော့စ်ဗယ်ဒိုကို ခေါ်ယူနိုင် ခဲ့ခြင်းကြောင့် ကြည်နူးမိကြောင်း ဆောက်သမ်တန်အသင်းဝက်ဆိုက်တွင် ရေးသားဖော်ပြထားပြီး အီတလီ အခြေစိုက် သတင်းဌာနများ၏ ဖော်ထုတ်ချက်အရ
အော့စ်ဗယ်ဒိုအနေဖြင့် တစ်နှစ်လုပ်ခ ပေါင် ၂.၅၅သန်းရရှိမည်ဖြစ်ပြီး ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဇော်ထွန်း(ရိုးရာလေး)...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map