'ကုဋေရှစ်ဆယ် သူဌေးသမီးနဲ့ အမှိုက်ကောက်ဆရာ' ဆိုတဲ့ ဇာတ်ကားရိုက်
ကွင်းရှိရာဖြစ်တဲ့ သင်္ဃန်းကျွန်းဘောဂဈေးကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်
ကားမှာတော့ ကောင်းပြည့်၊ မိုးဟေကို တို့နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က
ရိုက်ကူး နေတာဖြစ်ပါတယ်။
ဘဝသရုပ်ဖော်ပညာပေးကားလေးဖြစ်သလို၊
ဒီဇာတ်ကား မှာ ပါဝင်တဲ့အနုပညာရှင် သရုပ်ဆောင်တွေအပြင်
တောင်ဒဂုံမြို့နယ်ရှိ BG (NLDBG) မှ ကလေးငယ်လေးတွေလည်း ထည့်သွင်းရိုက်ကူးနေ
တာလည်းတွေ့ရပါတယ်။ အမှိုက်ကောက်နေတဲ့ ကလေးတွေရဲ့ ဘဝ
တွေကိုမြင့်မားလာအောင်၊ စောင့်ရှောက်ပေးကြတဲ့ ပရဟိတဆရာ တွေ၊အလှမ်း ကွာဝေး လွန်းတဲ့အဆင့်အတန်းအသိုင်းအဝိုင်းတွေကြားက ကံကြမ္မာအလှည့် အပြောင်းတွေကို ပုံဖော်ရိုက်ကူးနေတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာပါဝင်ကြတဲ့ကလေးတွေက
တကယ်တမ်း အပြင်ဘက် ဘဝမှာလည်း အမှိုက်ကောက်ရင်းအသက်မွေးဝမ်း ကျောင်းနေ
ကြရတဲ့ ကလေးငယ်တွေလည်းဖြစ်ပါတယ်။ ရိုက်ကူး ရေးကိုလည်း တကယ်ပီပြင်အောင်
ကြိုးကြိုးစားစား ရိုက်ကူးနေကြတဲ့ သရုပ်ဆောင်တွေ၊ ကလေးတွေ၊ ဒါရိုက်တာနဲ့
စက်အဖွဲ့သားတွေကို တစိတ်တစ် ဝမ်းထဲ ရိုက်ကူးနေကြတဲ့ပုံကို တွေ့ရတာလည်း
စိတ်ကြည်နူး စရာပါ။
သရုပ်ဆောင်တွေမဟုတ်ပေမယ့် ကိုယ့်ရဲ့
ပါဝင်ရမယ့်နေရာကို အကောင်းဆုံး ကြိုးစားနေကြတဲ့ ကလေးငယ်တွေကလည်း အားတက်
သရောပါပဲ။ ဒါပေမဲ့ ကလေးပီပီ ကစားချင်စိတ်၊ စူးစမ်းချင်စိတ်ရှိတဲ့
ကလေးတွေကို စိတ်ရှည်သည်းခံပြီး ရိုက်ကူးကြ ရတာတွေ၊ ကလေးတွေကို
လိုက်ထိန်းနေကြတာတွေကိုလည်း တွေ့ရ ပါ တယ်။ အဖွဲ့အစည်းနဲ့လုပ် ရတဲ့
အရာတိုင်းကတော့ အခက်အခဲရှိတယ်ဆိုတဲ့ ကောင်းပြည့်က "ဒီလို
စည်းစည်းလုံးလုံးစုစုစည်းစည်းနဲ့ ရိုက် ကြတော့ ပျော်ဖို့ကောင်းတယ်။အဖွဲ့အစည်းနဲ့လုပ်ရတဲ့အရာတိုင်းကတော့
အခက် အခဲ၊အနှောင့် အယှက် တွေလည်း ရှိနိုင်တယ်။ စုစု စည်းစည်းလုပ်ပြီး တစ်
ယောက်နဲ့ တစ်ယောက် ဖေးမမှု၊ နားလည်မှု၊ ကူညီ မှုတွေရှိမှလည်း အောင်
မြင်မှုတွေရမှာလေ။ စု စည်းပြီး ဒီလိုတွေမရှိရင်၊ မရိုင်းပင်းရင်အောင်
မြင်မှုဆိုတာ မရနိုင်ဘူး" လို့ ပြောပြပါတယ်။
ရိုက်ကွင်းမှာရိုက်ချက်ကောင်းကောင်းတွေကိုလည်း
တာဝန်ယူဖန် တီးနေတဲ့ ကင်မရာမင်းန် ကိုတိုးကလည်း "စည်းလုံးမှုရှိရင်တော့
အကုန် လုံးကောင်းမှာပဲလေ။ လိုအပ်ချက် တွေ နဲ့ လျော့တိလျော့ရဲဆို ဘယ် ဟာမှ
အဆင်မပြေနိုင်ဘူး။ အင်နဲ့ အားနဲ့ လုပ်မယ်ဆို မကောင်းနိုင်စ ရာမရှိဘူး။
ကျွန်တော်ကတော့ ရိုက်ကွင်းတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အလုပ်လုပ်
တော့အရာရာ ကအကုန်လုံးကောင်းမှာပဲ။ စုပေါင်းခြင်းကတော့ အကောင်း ဆုံးပဲ။
နိုင်ငံတစ်ခုလည်း စုပေါင်းမှကောင်းတာလေ" လို့ ပြောပြပါတယ်။
ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း "အစ်မတို့တွေ အလုပ်လုပ်ရင်း
အားလုံးက ညီညွတ်တဲ့အပြင် ပျော်ရွှင်မှုလည်းရှိရတယ်။ လူတွေက ပင်ပန်းနေတဲ့ကြားက
ဆူဆဲနေရင် ပိုပြီးပင်ပန်းတာပေါ့။ အား လုံးကောင်း ချင်စိတ်နဲ့
ညီညီညွတ်ညွတ်လုပ်ရင် ပိုကောင်းတယ်။ တစ် ယောက်လောက်ဖောက်ရင်
လုပ်လို့မကောင်းတော့ဘူး။ ဇာတ်ကားတစ် ကားကို ပြန်ကြည့် ရင်
အဆင်မပြေမှုတွေနဲ့ရိုက်တာ၊ မရိုက် တာလားဆိုတာ မြင်နေရတယ်။ စိတ်တွေ မတူကြရင်
လိုအပ်ချက်တွေရှိ နေမှာပဲ။ ဒါက Team Work ပေါ့။ ကိုယ်နဲ့ ရိုက် ရင်
စိတ်တူတဲ့သူတွေနဲ့ ရိုက် လေ့ရှိတယ်။ စက်အဖွဲ့သားလုံးက
အစကောင်းချင်တဲ့စိတ်နဲ့ စုစုစည်းစည်းလုပ်ကြ တယ်" လို့
ပြောပြပါတယ်။စုစုစည်းစည်းနဲ့ ရိုင်းပင်းစွာ ရိုက်ကူးနေကြတဲ့ ရိုက်ကွင်းပေါ်က
စကားသံတွေပဲဖြစ်ပါတယ်။
မေမွန်မောင်
— ကုဋေရှစ်ဆယ် သူဌေးသမီးနဲ့ အမှိုက်ကောက်ဆရာ ရိုက်ကွင်း
'ကုဋေရှစ်ဆယ် သူဌေးသမီးနဲ့ အမှိုက်ကောက်ဆရာ' ဆိုတဲ့ ဇာတ်ကားရိုက် ကွင်းရှိရာဖြစ်တဲ့ သင်္ဃန်းကျွန်းဘောဂဈေးကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီဇာတ် ကားမှာတော့ ကောင်းပြည့်၊ မိုးဟေကို တို့နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူး နေတာဖြစ်ပါတယ်။
ဘဝသရုပ်ဖော်ပညာပေးကားလေးဖြစ်သလိ
တွေကိုမြင့်မားလာအောင်၊ စောင့်ရှောက်ပေးကြတဲ့ ပရဟိတဆရာ တွေ၊အလှမ်း ကွာဝေး လွန်းတဲ့အဆင့်အတန်းအသိုင်းအဝိုင
တကယ်တမ်း အပြင်ဘက် ဘဝမှာလည်း အမှိုက်ကောက်ရင်းအသက်မွေးဝမ်း ကျောင်းနေ ကြရတဲ့ ကလေးငယ်တွေလည်းဖြစ်ပါတယ်။ ရိုက်ကူး ရေးကိုလည်း တကယ်ပီပြင်အောင် ကြိုးကြိုးစားစား ရိုက်ကူးနေကြတဲ့ သရုပ်ဆောင်တွေ၊ ကလေးတွေ၊ ဒါရိုက်တာနဲ့ စက်အဖွဲ့သားတွေကို တစိတ်တစ် ဝမ်းထဲ ရိုက်ကူးနေကြတဲ့ပုံကို တွေ့ရတာလည်း စိတ်ကြည်နူး စရာပါ။
သရုပ်ဆောင်တွေမဟုတ်ပေမယ့် ကိုယ့်ရဲ့ ပါဝင်ရမယ့်နေရာကို အကောင်းဆုံး ကြိုးစားနေကြတဲ့ ကလေးငယ်တွေကလည်း အားတက် သရောပါပဲ။ ဒါပေမဲ့ ကလေးပီပီ ကစားချင်စိတ်၊ စူးစမ်းချင်စိတ်ရှိတဲ့ ကလေးတွေကို စိတ်ရှည်သည်းခံပြီး ရိုက်ကူးကြ ရတာတွေ၊ ကလေးတွေကို လိုက်ထိန်းနေကြတာတွေကိုလည်း တွေ့ရ ပါ တယ်။ အဖွဲ့အစည်းနဲ့လုပ် ရတဲ့ အရာတိုင်းကတော့ အခက်အခဲရှိတယ်ဆိုတဲ့ ကောင်းပြည့်က "ဒီလို စည်းစည်းလုံးလုံးစုစုစည်းစည်းနဲ
ရိုက်ကွင်းမှာရိုက်ချက်ကောင်းကေ
ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း "အစ်မတို့တွေ အလုပ်လုပ်ရင်း အားလုံးက ညီညွတ်တဲ့အပြင် ပျော်ရွှင်မှုလည်းရှိရတယ်။ လူတွေက ပင်ပန်းနေတဲ့ကြားက ဆူဆဲနေရင် ပိုပြီးပင်ပန်းတာပေါ့။ အား လုံးကောင်း ချင်စိတ်နဲ့ ညီညီညွတ်ညွတ်လုပ်ရင် ပိုကောင်းတယ်။ တစ် ယောက်လောက်ဖောက်ရင် လုပ်လို့မကောင်းတော့ဘူး။ ဇာတ်ကားတစ် ကားကို ပြန်ကြည့် ရင် အဆင်မပြေမှုတွေနဲ့ရိုက်တာ၊ မရိုက် တာလားဆိုတာ မြင်နေရတယ်။ စိတ်တွေ မတူကြရင် လိုအပ်ချက်တွေရှိ နေမှာပဲ။ ဒါက Team Work ပေါ့။ ကိုယ်နဲ့ ရိုက် ရင် စိတ်တူတဲ့သူတွေနဲ့ ရိုက် လေ့ရှိတယ်။ စက်အဖွဲ့သားလုံးက အစကောင်းချင်တဲ့စိတ်နဲ့ စုစုစည်းစည်းလုပ်ကြ တယ်" လို့ ပြောပြပါတယ်။စုစုစည်းစည်းနဲ့ ရိုင်းပင်းစွာ ရိုက်ကူးနေကြတဲ့ ရိုက်ကွင်းပေါ်က စကားသံတွေပဲဖြစ်ပါတယ်။
မေမွန်မောင်



0 comments:
Post a Comment