<div style='background-color: none transparent;'></div>

Home » » နိုင်ငံခြားသား ရီးသွားများ ပစ္စည်းလုယူ ခံရမှုများအနက် ထက်ဝက်ကျော် တရားခံမမိ

နိုင်ငံခြားသား ရီးသွားများ ပစ္စည်းလုယူ ခံရမှုများအနက် ထက်ဝက်ကျော် တရားခံမမိ

ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်စွာဘုရားသို့ လာရောက်သည့် နိုင်ငံခြားသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာမှ ခရီးသွားများ လာရောက် လည်ပတ်ရာတွင် နိုင်ငံခြားသား ခရီးသွားများထံမှ ယခုနှစ် အတွင်း၌ ပစ္စည်း အလုခံရသည့် ဖြစ်စဉ်ခုနစ်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ သုံးမှုသာ ဖော်ထုတ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ် သူရဲမှူးကြီး မျိုးမင်းဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြားသားနှင့် ဆက်စပ် ဖြစ်ပွားခဲ့သည့် မှုခင်းအချို့အနက်မှ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန် ဆောင်ရွက်နေသည့်အပြင် အဆိုပါ ဒေသ၌ နိုင်ငံခြားသား ခရီးသွား ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ကို တိုးမြှင့်ထားကြောင်း ရဲမှူးကြီး မျိုးမင်းဦးထံမှ သိရသည်။

နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့အနေနှင့် လက်ရှိအချိန်တွင် ခရီးသွားအများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ပုဂံနှင့် ညောင်ရွှေ ဒေသများတို့တွင်သာ ရဲတပ်ဖွဲ့ အင်အားများကို အဓိကချထားပြီး လုံခြုံရေး ဆောင်ရွက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ညောင်ဦးမြို့နယ်မှာ လာရောက်လေ့လာနေတဲ့ ပြင်သစ်အမျိုးသမီး တစ်ဦးကို တုတ်နဲ့ရိုက်ပြီး ပိုက်ဆံအိတ် လုယူသွားတဲ့ ကျူးလွန်သူကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ကျူးလွန်သူကို မမိသေးတဲ့ ဖြစ်စဉ်တွေလည်း အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး မျိုးမင်းဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက်လေ့လာ လည်ပတ်နေသည့် ပုဂံဒေသနှင့် ညောင်ရွှေ ဒေသတို့တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းမှ စတင်၍ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ရုံးခန်းများ စတင်ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း တပ်ဖွဲ့မှူးက ဆက်လက် ပြောကြားခဲ့သည်။

From:Eleven


Myanmar Forward......................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map