<div style='background-color: none transparent;'></div>

Home » » မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

သင်ဇာက ဘယ်သူမှ ဂရုမစိုက် ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ် ဆိုတော့ ကိုယ့်ကို  ဝေဖန်မှုတွေ 

ရှိရင်လည်း ဂရုမစိုက် တတ်ဘူး လားဆို တော့ ဘယ်လိုပြောရ မလဲ။ အဲဒီလို နေလိုက်တာက

 ကိုယ့်အတွက်ပို ပြီးအဆင်ပြေမယ် ထင်လို့ပါ။ တစ်ခု တော့ရှိတယ်။ အဲဒီလိုမျိုးကြည့်ပြီး နောက်ပိုင်းတော့ 

အနေအထိုင်တွေ ပြန်ဆင်ခြင်တယ်။ ကိုယ်ကတော့ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ type မျိုးရှိတဲ့ 

သူတစ်ယောက်။ ဒါပေမဲ့ နောက်ဆုံးဒီလို type မျိုးဖြစ်တဲ့ တိုင်အောင်ကိုယ့် မိဘကို ကိုယ်ပြန် ကြည့်တယ်။ 

အဲဒါဆို သင်ဇာ့မိဘ အတွက် ဆင်ဆင်ခြင်ခြင်နေဖြစ် တယ်လို့ ပြောလို့ရမလားဆိုတော့ အင်းပေါ့။ သင်ဇာ့ 

အဖေနဲ့အမေက လည်း ပြောတယ်။ နေချင်သလိုနေ။ ဒါပေမဲ့ မိဘသိက္ခာ မကျရင်ပြီးရော။ ကိုယ့်မိဘ 

မထိခိုက်ရင်ပြီးရောတဲ့။ လူ ငယ်ဆိုတာက လွတ်လွတ်လပ်လပ် နေမှာပဲလေ။ တချို့နားလည် 

တဲ့သူ တွေလည်း နားလည်ကြပါတယ်။ ကာရိုက်တာတစ်ခုက ကိုယ်နဲ့မလိုက် ဖက်ဘူး။ ဒါပေမဲ့ 

ပရိသတ်ကြိုက်တဲ့ အတွက် သရုပ်ဆောင် ရတဲ့အခါစိတ် ကိုဘယ်လိုသွင်းလဲ ဆိုတော့ ကိုယ်က 

သရုပ်ဆောင်ပဲလေ။ ကာရိုက်တာ ပေါင်းစုံသရုပ်ဆောင်နိုင်ရမယ်။ ကိုယ်နဲ့မလိုက်တဲ့ ကာရိုက်တာဆို

 တာမရှိဘူး။ သရုပ်ဆောင် ဆိုတာ သရုပ်ဆောင်ဖို့ အတွက် လူဖြစ်လာ တာဆိုတော့ ဟိုကာရိုက် တာကိုယ်

 နဲ့မလိုက်ဘူး။ ဒီကာရိုက်တာကိုယ်နဲ့ မလိုက်ဖူးဆိုတာ မရှိရဘူး။ မလိုက် ပေမယ့်လည်း 

တူအောင်ကြိုးစားပြီး သရုပ်ဆောင် ရမှာပဲ။ 

 yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map