<div style='background-color: none transparent;'></div>

Home » » မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်


မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်မှ စတင်လုပ်ဆောင်မည့် ထိုအထူးစီမံချက်ကို မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ် ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များ ပါဝင်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ဦးဆောင်မည်ဟု သိရသည်။

"သူတို့ မှတ်ပုံတင်ရမယ့် ကာလကို တစ်နှစ်ကျော် အချိန်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရေးယူ ဆောင်ရွက်ရမယ့် ကာလကို ရောက်လာပါပြီ။ ကျွန်တော်တို့ စီမံချက်ရဲ့အဓိကပစ်မှတ်က ဂျိုဟိုးစက်မှု ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်ပို့ဖို့ပဲ ဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ် ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်အာလစ်အာမက်က မလေးရှားနိုင်ငံ The Star သတင်းစာသို့ ပြောကြားသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူ အများဆုံးရှိနေသည့် ကွာလာလမ်ပူ၊

Read more => http://www.todaymyanmar.net/2013/08/blog-post_8091.html

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေလက တရားမ၀င် အလုပ်သမားများနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
 
 
Today Myanmar...................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map