<div style='background-color: none transparent;'></div>

Home » » ဆင်ဆာမဲ့ခွေ များရောင်းချသူ၏ ကွင်းဆက်အရ ဆက်လက် ဖမ်းဆီးရာ ဆင်ဆာမဲ့ခွေ (၁)သိန်းကျော် ဖမ်းဆီး ရမိ

ဆင်ဆာမဲ့ခွေ များရောင်းချသူ၏ ကွင်းဆက်အရ ဆက်လက် ဖမ်းဆီးရာ ဆင်ဆာမဲ့ခွေ (၁)သိန်းကျော် ဖမ်းဆီး ရမိ





၃၁.၇.၂၀၁၃ ရက်နေ့၁၇၄၅ အချိန် တာမွေမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိနှင့်အဖွဲ့သည်ကျောက် တံတား မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ သက်သေများနှင့်အတူ တာမွေမြို့မရဲစခန်း(ပ)၃၁၇/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ၃၂(က)/(ခ) အမှုအားကွင်းဆက်ဖေါ်ထုတ်စစ်ဆေးချက် အရ ကျောက်တံတားမြို့နယ်၊(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ သန့်ဇင်(ဘ)ဦးမြင့်သိန်း၊ သာကေတမြို့နယ် နေသူ၏MOVIE MART ဆိုင်သို့ ၀င်ရောက်ရှာဖွေရာ ဆိုင်၏မြေညီထပ်မ ခေါက်စားပွဲ (၁၈)လုံးပေါ်တွင် ရောင်စုံပလပ်စတစ်ခြင်း မျိုးစုံ(၁၄၂)ခြင်းဖြင့် ထည့်လျက်နိုင်ငံခြားဆင်ဆာမဲ့ သီချင်း/ဇာတ်လမ်း/ ကာတွန်း ရုပ်ပုံများပါDVD ခွေမျိုးစုံ (၆၁၂၀၀)ချပ်၊ ငွေစက္ကူရောရာ (၁၆၀၀၀၀)ကျပ်၊ဆိုင်အပေါ်ထပ်မှMOVIE MARI လိပ်စာကဒ် (၅၀) ကဒ်နှင့် စုပုံထားသော ဆင်ဆာမဲ့နိုင်ငံ ခြားဇာတ်လမ်း/ ကာတွန်း/ သီချင်းရုပ်ပုံများပါ DVD ခွေမျိုးစုံ (၄၁၉၄၀) ချပ်၊ စုစုပေါင်းDVDခွေမျိုးစုံ(၁၀၃၁၄၀)ချပ်အား တွေ့ရှိဖမ်းဆီးရမိသဖြင့် ဆင်ဆာမဲ့ခွေများ ရောင်းချသူ သန့်ဇင်အား ကျောက်တံတားမြို့မ ရဲစခန်း(ပ) ၂၇၄/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/ (ခ)ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map