<div style='background-color: none transparent;'></div>

Home » » ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ဗိုလ်စွဲလိမ့်မယ်

ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ဗိုလ်စွဲလိမ့်မယ်



လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်း ဗိုလ်စွဲပြီး အဆင့် ၂ နေရာအတွက် မန်ယူကို ကျော်ပြီး မန်စီးတီး ရပ်တည်လိမ့်မယ်လို့
ဘလွန်းဘာ့ဂ် ၀က်ဘ်ဆိုက်ရဲ့ တွက်ချက်မှုတွေက ဖော်ပြထားပါတယ်။ ဒီတွက်ချက်မှုဟာ အသင်းတစ်သင်းချင်းစီရဲ့ တိုက်စစ်၊ ခံစစ်၊ ကစားသမားသစ်၊ နည်းပြစွမ်းဆောင်မှု ဆိုတဲ့ အချက်အလက်တွေကို အဓိကထားပြီး ဆင့်ကဲတွက်ချက်ခဲ့တာပါ။

သူတို့ရဲ့ တွက်ချက်မှုမှာ နာကျင်အချိန်ပို ပင်နယ်တီ ပေးရတာမျိုးဆိုတဲ့ အခြေအနေမျိုး မပါဝင်ပေမယ့် ဘောလုံးဖျက်ထုတ်မှု၊
ဖြတ်တင်ဘောပေးပို့မှု၊ ကြားဖြတ်လုယူမှု၊ ဂိုးပေါက်တိကျမှု စတဲ့ အချက်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ဘလွန်းဘာ့ဂ်ရဲ့ တွက်ချက်မှုအရ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အနည်းဆုံး ၈၈.၉မှတ် လိုအပ်ပြီး တန်းမဆင်းရရေးအတွက် ၃၆.၄မှတ် လိုတယ်လို့ သိရပါတယ်။ အခုထွက်လာတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတိုင်းဆိုရင် စပါးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ ဘေးလ်ကိုသာ ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ရမှတ်ပိုင်း ၁၃ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ သုံးသပ်ထားပြီး ဒီအတိုင်းဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရှိလာနိုင်ပါတယ်။ ဘလွန်းဘာ့ဂ်ရဲ့ တွက်ချက်မှုတွေ အရ တန်းဆင်းရမယ့် အသင်း ၃သင်းကတော့ ကာဒစ်ဖ်၊ ဟူးလ်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဖြစ်ပြီး လက်ကျန်အချိန်ကာလ အပြောင်းအလဲတွေ ကလည်း သူတို့ရဲ့တွက်ချက်မှုကို ပြောင်းလဲစေနိုင်တယ်လို့ ၀န်ခံထားပါတယ်။
http://yoyarlay.com/sport/football/37028-2013-08-07-17-11-29
ဇော်ထွန်း(ရိုးရာလေး).............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map