<div style='background-color: none transparent;'></div>

Home » » စင်ကာပူသွားပြမယ့် လက်ပံအတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာဝိုင်း =====================================

စင်ကာပူသွားပြမယ့် လက်ပံအတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာဝိုင်း =====================================



လက်ပံရုပ်ရှင်ဇာတ်ကားကို စင် ကာပူတွင်သွားရောက် ပြသ ရန်စီစဉ်နေ ပြီး ၄င်းအတွက် ရင်ခုန်ဖို့ကောင်း ကြောင်း ဒါရိုက်တာဝိုင်း က ပြောသည်။

''စင်ကာပူမှာ သွားပြတဲ့အခါကျ တော့လည်း နောက်ထပ်အားစမ်းမှု တစ် ခုကိုကြုံရမှာပါ။ အမြင်ချင်းက မတူနိုင် ဘူး။ မြန်မာမြန်မာ ချင်းတူသော်ငြား လည်း ကျန်တဲ့အစိတ်အပိုင်းတွေမှာ တွေးခေါ် ပုံ တွေးခေါ်နည်းတွေ မတူတဲ့ အားစမ်းမှုတစ်ခုကို ကြုံရမှာဖြစ်တဲ့အ တွက် ရင်ခုန်ဖို့တော့ ကောင်းပါတယ်။ မလေးရှားတို့၊ နယူးဇီလန်တို့ကလည်း ဝယ်ဖို့ကြိုးစားနေပါတယ်။ ဒါကတော့ ပရိုဂျူဆာဦးဝင်းကြည်နဲ့ ပြောဆိုနေတဲ့ အပိုင်းပဲရှိပါသေးတယ်''ဟု ၄င်းကပြော သည်။

''ကိုယ်စရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား ကလည်း အောင်မြင်တယ်။ အဲဒီအောင် မြင်မှုနဲ့အတူ ဖွေးဖွေးရဲ့ ၂၅ နှစ်ပြည့် ဆိုတာက မိန်းမသား တစ်ယောက် အတွက် လူကြီးဘဝကို ပြောင်းတဲ့နေ့ လေးမှာ အောင်မြင်မှုနဲ့ ကူးပြောင်းရတဲ့ အတွက် သူ့အတွက်လပ်ကီးလည်း ကောင်း တာပေါ့။ ဖွေးဖွေးရဲ့ ၂၅ နှစ် ပြည့်မွေးနေ့မှာ နံပါတ်တစ်ဖြစ် အောင် ကြိုးစားပါ။ စဉ်းစားချင့်ချိန်နိုင်တဲ့ သူဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါ တယ်။ကျွန်တော်တွေးထားတဲ့အဆင့်ထက်ပိုပြီး ဖွေးဖွေးကကောင်းနေပါတယ်။ သို့သော် ငြားလည်း ကျန်တဲ့အပိုင်းတွေမှာလည်း သူ့အနေနဲ့ လိုအပ်ချက်ေ တွ နည်းနည်း တော့ ရှိနေပါသေးတယ်။ နံပါတ်တစ် ရောက်ဖို့ဆိုတဲ့နေရာမှာ သရုပ်ဆောင် တင်မဟုတ်ဘူး။ စဉ်းစားချင့်ချိန်တတ်တဲ့ နေရာမှာ၊ ပေါင်းသင်း ဆက်ဆံတတ်တဲ့ နေရာတွေမှာ အားလုံးကသူများတွေထက် တော်နိုင်မှ သာလျှင် အဲဒီ နံပါတ်တစ် အဆင့်ကိုရောက်မှာပါ။ နံပါတ်တစ်ဆိုတာ သရုပ်ဆောင်ပညာတစ်ခုတည်းနဲ့ရောက်ဖို့ မလွယ်ပါဘူး''ဟု ဝိုင်းကပြောသည်။

ခိုင်ဝေလွင်

အေးချမ်းမွန်...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map