<div style='background-color: none transparent;'></div>

Home » » မူးရင် မရမ်းနဲ့ ~

မူးရင် မရမ်းနဲ့ ~



ယုန်တစ်ကောင်တောထဲတွင် လမ်းလျှောက်လာသည် ။ မြက်ခင်းပေါ်တွင် အရက်ပုလင်းတစ်လုံးကို တွေ့သည် နှင့် ယုန်သောက်လိုက်သည် ။ သို့သော် အရက်က ပြင်းလွန်းသောကြောင့် ယုန် နေရာမှာပင် မူးလဲ ကာ အိပ်ပျော်သွားလေသည် ။

ထိုနေရာသို့ မြေခွေးမတစ်ကောင်ရောက်လာသည် ။ ယုန်နှင့်အရက်ပုလင်းကို တွေ့ သောအခါ
"အတော်ပဲ ဟင်းစားကလည်း အဆင်သင့် သောက်စရာ ယမကာကလည်း အသင့် "
အရက်ကို သောက်လိုက်သည် မြေခွေးမ မူးလဲ သွားသည် ။

ထို့ နောက် မြေခွေးထီးတစ်ကောင် ရောက်လာသည် ။ ယုန် မြေခွေးမနှင့် အရက်ပုလင်းတို့ကို တွေ့သောအခါ " နိပ်ဟ ဟင်းစားလည်း ရှိတယ် ။ ယမကာလည်း ရှိတယ် ။ ပြီးတော့ မြာလေးကလည်း ရှိသေးတယ် " အရက်သောက်လိုက်သည် ။ မြေခွေးမူးလဲကာ အိပ်ပျော်သွားသည် ။

မကြာမီ ယုန် ပြန်နိုးလာသည် ။ ဘေးတွင်လဲနေသော မြေခွေးထီးနှင့် မြေခွေးမကို တွေ့သောအခါ .....

" ဟာ -- ငါ မူးပြီး ရမ်းလိုက်တာ မဆိုင်တဲ့ သူတွေတောင် တော်တော်ထိကုန်ပါပကောလား"

(မောင်ကောင်းထိုက် - ဟာသပဒေသာ )

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map