<div style='background-color: none transparent;'></div>

Home » » မလေးရှားတွင် ဘတ်စ်ကား လျှိုမြောင်အတွင်းသို့ ထိုးကျ

မလေးရှားတွင် ဘတ်စ်ကား လျှိုမြောင်အတွင်းသို့ ထိုးကျ


Thursday, August 22, 2013

ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိသည့် Genting Highlands တောင်ပေါ် အပန်းဖြေစခန်းအနီးတွင် အဆိုပါ ဘတ်စ်ကား မတော် တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၃၇ ဦးသေဆုံးကာ အခြား လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့

မလေးရှားနိုင်ငံတွင် ဘတ်စ်ကားတစ်စီး လျှိုမြောင်အတွင်း ထိုးကျသွားရာ အနည်ဆုံး လူ ၃၇ ဦးသေဆုံးကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိသည့် Genting Highlands တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် အဆိုပါ ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၃၇ ဦးသေဆုံးကာ အခြား လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မလေးရှား မီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူက AFP သို့ အတည်ပြုပြော ကြားသည်။ ဘတ်စ်ကား မတော်တဆမှုကြောင့် သေဆုံးသူများကို မည့်သည့်နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်သေးချေ။ သို့သော်ဒဏ် ရာဖြင့် ကယ်တင်နိုင်ခဲ့သူများမှာ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်း လူမျိုးများဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားပေါ်တွင် ခရီးသည် ၄၅ ဦး လိုက်ပါလာဖွယ်ရှိပြီး မလေးရှား စံတော်ချိန် ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်) မွန်းလွဲ ၃ နာရီဝန်းကျင် တွင်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကားသည် လမ်းမပေါ်မှ အနက် မီတာ ၆၀ (ပေ ၂၀၀) ခန့်ရှိ လျှိုမြောင်အတွင်းသို့ ထိုးကျ သွားခြင်းဖြစ် သည်။ ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားရာ အနီးရှိ Genting Highlands မှာ လောင်းကစားရုံပါရှိသော အပန်းဖြေစခန်းဖြစ်ပြီး မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှ ကားလမ်းခရီးဖြင့် တစ်နာရီခန့်ကြာ သွားရောက်ရသည်။

Genting Highlands တောင်ပေါ်အပန်းဖြေစခန်းရှိ လောင်းကစားရုံမှ မလေးရှား၏ တစ်ခုတည်းသော တရားဝင် လောင်းကစားရုံလည်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် လာရောက်လည်ပတ်သူ သန်း ၂၀ ကျော်ရှိသည်။ လက်ရှိအချိန်တွင် အဆိုပါ အပန်းဖြေစခန်းအား မလေးရှားရင်းဂစ် ၃ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၉၀၀) အကုန်အကျခံ၍ ပြင်ဆင်မွမ်းမံ လျက် ရှိကြောင်း သိရသည်။ ယခု ဘတ်စ်ကား မတော်တဆဖြစ်ပွားသည့်ဒေသတွင် ယမန်နှစ်အတွင်းကလည်း ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ဖူးပြီး ထိုစဉ်က အိန္ဒိယ ကမ္ဘာလှည့်ခရီးသည် ၂ ဦးသေဆုံးခဲ့ပြီး အခြား လူ၂၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အေးချမ်းမွန်................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map