ဆော်ဒီအာရေး ဗီးယားနိုင်ငံ မက္ကာမြို့
ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အစ္စလမ် ဘာသာဝင်များ ဘုရား ဝတ်ပြု ရာ မက္ကာ မြို့ မှာ ဖမ်းစီးခံထားရတဲ့ မြန်မာ နိုင်ငံသား အယောက် ၆၀၀ ကို ဆော်ဒီအစိုးရက ပြန်လွတ်လိုက်တယ်လို့ သိ ရ ပါတယ်။
ဖမ်းစီးခံထားရသူ အများစု ဟာတရားဝင် ပြည်ဝင်ခွင့် ဗီဇာမရှိကြတဲ့ အတွက်ကြောင့် ဖမ်းဆီးခံရတာ ဖြစ်သလို တချို့ကလည်း ရာဇဝတ်ကျူးလွန်မှု တွေ ကြောင့် ဖမ်းစီး ခံထားရတာ ဖြစ်ပါတယ်။
နောက်ထပ် ပြည်နှင်ဒဏ် ပေးဖို့ ထိန်းသိမ်းထားတဲ့ အယောက် ၂၀၀ ကိုလဲ လွှတ်ပေးဖို့ အတွက်စီစစ်နေပြီး ရာဇဝတ်ကျူးလွန်မှု နဲ့ ထိန်းသိမ်းထားတဲ့ ၁၅ ဦး ကိုတော့ ထိန်းသိမ်းထားတယ်လို့ လဲ သိ ရ ပါတယ်။
မြန်မာ နိုင်ငံက လူပေါင်း ၁၇၅၀၀၀ ကို ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တရားဝင် နေထိုင်နိုင်တဲ့ အခြေ အနေကို ပြောင်းပေး လိုက်ပြီး အခု ၆၀၀ ထဲက ၂၃ ယောက်ကို တရားဝင် နေထိုင်ခွင့်အတွက် စဉ်းစားပေး နေ တယ်လို့ သိ ရ ပါတယ်။
ABC Radio Australia
Today Myanmar................မှ
0 comments:
Post a Comment