သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်
====================
အမေရိကန်၏ ယေးလ်တက္က သိုလ်ကြီးက အငြင်းပွားဖွယ် လစ် ဘရယ် ဝိဇ္ဇာပညာကောလိပ်တစ်ခု ကို ဩဂုတ်၂ရရက်က တင်းကျပ် စွာ အုပ်ချုပ်သည့် စင်ကာပူနိုင်ငံ တွင် ဖွင့်လှစ်လိုက်သည်။
မြို့ပြနိုင်ငံ စင်ကာပူနှင့် တခြားအာရှနိုင်ငံများတွင် ဝေဖန် ဆန်းစစ်သော တွေးခေါ်မှုပညာ လိုအပ်နေသည်ဟုလည်း ၎င်း တက္ကသိုလ်က ပြောကြားခဲ့သည်။
ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ မှုနှင့် ကျောင်းသားနိုင်ငံရေးလှုပ် ရှားမှုအပေါ် စင်ကာပူ၏ကန့်သတ် မှုကြောင် စင်ကာပူအမျိုးသားတက္က သိုလ် (NUS) နှင့် ပူးတွဲစီမံကိန်း တစ်ခုဖြစ်သော Yale NUS College ကို ဦးဆောင်သော အမေ ရိကန်တက္ကသိုလ်ကြီး၏ မဟာ ဌာနမှ ဆရာများက ဝေဖန်လျက် ရှိသည်။
နိုင်ငံရေးဆိုင်ရာ ဟောပြော ပို့ချမှုများ စတင်ပြောင်းလဲမှုမရှိ သေးသော်လည်း ပြဿနာများ နှင့်ပတ်သက်၍ စဉ်းစားရာတွင် နိုင်ငံသားများအနေဖြင့် တက်ကြွ မှုရှိရန် ကျောင်းသားများကို အ သုံးချကိရိယာများ ပေးတော့မည် ဖြစ်ကြောင်း ၎င်းကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။
နိုင်ငံပေါင်း၂၆နိုင်ငံမှ လျှောက်ထားသူ ၁၀၀၀ဝကျော် မှ ပထမဆုံးအသုတ်အဖြစ် ကျောင်း သား ၁၅ရဦးကို ရွေးချယ်ခဲ့ရာ ၉ရဦးမှာ စင်ကာပူမှ ဖြစ်သည်။ ယခုလစ၍ ယာယီအဆောက်အ အုံများတွင် သင်ခန်းစာများ စတင် သင်ကြားခဲ့သည်။
အေးချမ်းမွန်................မှ


0 comments:
Post a Comment