ဝါရှင်တန် သြဂုတ် ၂၁
အမေရိကန်နိုင်ငံ မစ်ဒယ်တောင်းမြို့ ရှိ
Earle ရေတပ် အခြေစိုက်စခန်း၌ သင်္ဘောပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ
ဆောင်ရွက်နေစဉ် သြဂုတ် ၂ဝ ရက် နံနက် ၉ နာရီခန့်၌ ပေါက်ကွဲမှု
တစ်ရပ် ဖြစ်ပွားခဲ့ရာ အရပ်ဘက်
မီးသတ်သမားတစ်ဦးနှင့် အမှုထမ်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ် ၂၁
ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဒဏ်ရာရရှိသူ ရှစ်ဦးအနက် ခုနစ်ဦးမှာ
ဆေးရုံများ၌ ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်းနှင့်
ကျန်တစ်ဦးမှာ လက်ကျိုးသွားသည့် အတွက် ခွဲစိတ်ကုသ ပြီးနောက် ဆေးရုံတွင်ပင်
ဆက်လက်ကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက
ပြောကြားခဲ့သည်။ အဆိုပါ ရေတပ် အခြေစိုက်စခန်းသည် ရေတပ်သင်္ဘော များအတွက်
လက်နက်ခဲယမ်းများ ဖြည့်တင်းပေးသည့် အခြေစိုက် စခန်းတစ်ခု ဖြစ်ကြောင်း
သိရသည်။
မြ၀တီ.................မှ
HWWL


0 comments:
Post a Comment