<div style='background-color: none transparent;'></div>

Home » » နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်

နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်


Tuesday, August 27, 2013

Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်

သူမ၏ နောက်ကျောတွင် ရေးထိုးထားသော ဆေးမင်ကြောင်ကို အလွန်နှစ်သက် သဘောကျကြောင်း ချယ်ရီကိုးလ်က ဝန်ခံ ပြောကြားလိုက်သည်။ Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။ အဆိုပါ ဆေးမင်ကြောင်ကို ကိုယ်တိုင် ရေးထိုးပေးခဲ့သည့် နစ်ကို ဟာတာဒိုက ချယ်ရီ၏ ခန္ဓာကိုယ် အနောက်ပိုင်းတွင် ထည်ဝါနေသည့် အနုပညာ လက်ရာကို ဓာတ်ပုံရိုက်ကာ Instagramတွင် လွှင့်တင်ခဲ့သည်။ ယင်းအတွက် ချယ်ရီ၏ ပရိသတ်များ တအံ့တဩ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် Popဂီတ ကြယ်ပွင့်ကိုယ်တိုင်က ဆေးမင်ကြောင် ကိစ္စအပေါ် မှတ်ချက်ပေးလာခြင်း ဖြစ်သည်။

ယင်းကိစ္စကို စိတ်ဝင်တစား မေးမြန်းသည့် ပရိသတ် တစ်ဦးကို ချယ်ရီက Twitterတွင် ပြန်ကြားခဲ့ရာ ကျွန်မ ဒီဆေးမင်ကြောင်ကို အပြီးသတ် ရေးထိုးဖို့ (၇)လ၊ (၈)လလောက် အချိန်ယူခဲ့ရတယ်။ တော်တော်ကြာတယ်လို့ ပြောရပါမယ်။ လုံးဝ အချောသတ် ပြီးစီးသွားတာတော့ မကြာသေးခင် ကမှပါဟု ဝန်ခံခဲ့သည်။ သူမက ဆေးမင်ကြောင်ကို ရေးထိုးနေချိန်တွင် အချိန်အကြာဆုံး ထိုင်နိုင်ခဲ့သည်မှာ (၇)နာရီ၊ (၈)နာရီမျှထိ ရှိကြောင်းလည်း ဆိုသည်။ သူမက ဒီဆေးမင်ကြောင်မှာ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်သတ်မှတ် ချက် တစ်ခုခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ အင်္ဂလိပ် နှင်းဆီတွေ ဆိုတာက ကျွန်မအကြိုက်ဆုံး ပန်းတွေလည်း ဖြစ်နေပြန်တယ်ဟု ပြောကြားခဲ့သည်။ချယ်ရီသည် ယခင်က သူမ၏ ခန္ဓာကိုယ် ဘယ်ဘက်အောက်ပိုင်းတွင် ရေးထိုးထားသည့် ဆေးမင်ကြောင် တစ်ခုကို ပြသဖူးသည်။ ယခုလက်ရာသစ်မှာမူ အဆိုပါ ဆေးမင်ကြောင် အဟောင်းကို ဆင့်ပွားချဲ့ထွင်ထားခြင်းဟုလည်း သိရှိရသည်။

အေးချမ်းမွန်...................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map