<div style='background-color: none transparent;'></div>

Home » » ရိုမီရိုဖြစ်ချင်သူနဲ့ ဂျူးလိယက် မဖြစ်သူ (ဖြစ်ရပ်မှန် ဒူဘိုင်း အချစ်ဇာတ်လမ်း)

ရိုမီရိုဖြစ်ချင်သူနဲ့ ဂျူးလိယက် မဖြစ်သူ (ဖြစ်ရပ်မှန် ဒူဘိုင်း အချစ်ဇာတ်လမ်း)




အာရပ်ဆော်ဘွားနိုင်ငံ - ယူအေအီးရဲ့  ဒူဘိုင်းမြို့ မှာ တကယ် ဖြစ်သွား ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပ်လေးပါ။
ဒူဘိုင်းမြို့ ရဲ့  လူစည်ကား ရှော့ပင်တစ်ခု မှာ ဖြစ်ပါတယ်။ ကောင်လေးက Youtube ထဲက ဗီဒီယိုတွေ အတော်အကြည့်များထားပုံ ရပါတယ်။ လုပ်လို့ လုပ်မှန်းမသိ၊ အမှန်ဟုတ်မှန်း မသိ သူကတော့ Romantic ဆန်တဲ့ အချစ်မျိုး ကို သဘောကျလွန်းတော့ လူလည်ကောင်မှာ လက်ထက်ခွင့် တောင်းပါတယ်။

ဂီတာလွယ်ထားတဲ့ အနုပညာရှင် သုံးလေးယောက် ကို ငှားရမ်းထားပါတယ်။ အောက်လည်း ရောက်ရော မိုက်ခရိုဖုန်းကြီး ကိုင်ပြီး ဈေးဝယ်လာတဲ့ အများပြည်သူများ ကို သက်သေ ပြုပါကြောင်း၊ သူနဲ့ ကျနော်နဲ့ ချစ်ကျွမ်းဝင်လာကြတာ ဘယ်နှစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ အချစ်ဆိုတဲ့ အရာကို သူမနဲ့တွေ့မှ သိရှိခဲ့ပြီး ဘဝအတွက် လက်တွဲဖော် အဖြစ် ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဘာညာပြောပြီး နောက်ဆုံးပိတ် မှာ ဒူးထောက်ပြီးတော့ ကိုယ်မင်းကို လက်ထက်ပါရစေလို့ ခွင့်တောင်း ရှာ ပါတယ်။


အဲ့လို ဒူးထောက်မှာစိုးလို့ တားတဲ့ကြားက ဒူးထောက်လိုက်တဲ့ သူ့ချစ်သူ အကြောင့် အရှက်မွံ နေပြီဖြစ်တဲ့ ကောင်မလေးက အရွယ်သေး ဂစ်တာနဲ့ ရိုက်ပစ်လိုက်တာ ကြမ်းပြင်ပေါ်တောင် လှဲသွား ရှာပါတယ်။


ဖြစ်ပုံက ရယ်ရလည်းခက်၊ ငိုရလည်းခက်လေ။ ကောင်လေးက ရိုမန်တစ် ဆန်ချင်တာတော့ မှန်ပါတယ်။ သို့ပေမယ့် Planning မှာ နည်းနည်းလိုသွားပုံ ရပါတယ်။ Youtube ဗီဒီယိုတွေမှာတုန်းက ပတ်ဝန်းကျင် တစ်ခုလုံးက လူတွေကို စည်းရုံးထားပြီး တိုင်ပင်ဇာတ်ညှိထားတာပါ။ ပြောမယ်ဆို ဇာတ်က တဲ့ သဘောပါပဲကွယ်။ ဒါကို မသိတဲ့ ကောင်လေးကတော့ ၅ ယောက်၊ ၆ လောက်နဲ့ ပွဲစည်မယ်လို့ ထင်နေရှာပုံ ရပါမယ်။ စပီကာ ကြီးနဲ့ တောင် အော်ပြောတာ ဖြစ်တဲ့အတွက် ကောင်မလေည်း ကလည်း ရှက်ချင်စရာပါပဲ။


ဖြစ်ရပ်က မိနစ်ပိုင်းလေးတွင်းပါပဲ။ ပိုပြီး သေသေချာချာ သိဖို့အတွက် အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

.
http://youtu.be/D8L3Zeini-Y


Aung Kham (ရိုးရာလေး)////////////////မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map