<div style='background-color: none transparent;'></div>

Home » » ဆာဖာရီဥယျာဉ် (နေပြည်တော်)မှ ရန်ကုန်၊ မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ကျားဖြူ အပါအ၀င် ရှားပါးသတ္တ၀ါများ ပြသရန် ပထမဦးဆုံးအကြိမ် ပို့ဆောင်

ဆာဖာရီဥယျာဉ် (နေပြည်တော်)မှ ရန်ကုန်၊ မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ကျားဖြူ အပါအ၀င် ရှားပါးသတ္တ၀ါများ ပြသရန် ပထမဦးဆုံးအကြိမ် ပို့ဆောင်


ဆာဖာရီဥယျာဉ် (နေပြည်တော်)မှ ပထမဦးဆုံးအကြိမ် ရန်ကုန်-မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ကျားဖြူ အပါအ၀င် ရှားပါးသတ္တ၀ါများ ပြသရန် ၂၀၁၃ ခုနှစ် သြဂုတ် ၁၂ ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆာဖာရီဥယျာဉ် (နေပြည်တော်) တာဝန်ရှိသူ တစ်ဦးက ''ကျွန်တော်တို့ အခုလို ရန်ကုန်-မန္တလေးရှိ တိရစ္ဆာန်ဥယျာဉ် ပြကွက်များကို ကျားဖြူအပါအ၀င် ရှားပါးတိရစ္ဆာန်များကို ပထမဦးဆုံးအကြိမ် ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နေပြည်တော် တစ်ခုတည်းတင် မဟုတ်ဘဲ ရန်ကုန်နဲ့ မန္တလေးရှိ ပြည်သူလူထုကို ကမ္ဘာမှာ ရှားပါးတဲ့ မျိုးစိတ်တွေကို မြင်စေချင်လို့၊ ကြည့်စေချင်လို့ အခုလို ပေးပို့တာပါ'' ဟုဆိုသည်။

တိရစ္ဆာန်ဥယျာဉ် ဆာဖာရီမှ ရန်ကုန်-မန္တလေး တိရစ္ဆာန်ဥယျာဉ် ပြကွက်များသို့ ပေးပို့သော ရှားပါးသတ္တ၀ါများမှာ ဘို့တစ်လုံး ကုလားအုတ်တစ်စုံ၊ မြင်းကျားတစ်စုံနှင့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ကျားဖြူမ (စနိုး)တစ်ကောင်အား သြဂုတ် ၁၂ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် ပြကွက်များတွင် နိုင်ငံခြားမှ မှာယူတင်သွင်း ထားသည့် ရှားပါးမျိုးစိတ်များ ပြသထားရှိပြီး ရန်ကုန်-မန္တလေးရှိ တိရစ္ဆာန် ဥယျာဉ်များသို့ ဘို့တစ်လုံး ကုလားအုတ်၊ မြင်းကျားနှင့် တရုတ်ပြည်မှ ယူဆောင်လာသည့် ၀မ်းဝမ်းနှင့် ကျာကျိ ကျားဖြူ နှစ်ကောင်တို့မှ နေပြည်တော်တွင် ပေါက်ဖွားခဲ့သည့် (စနိုး)ကျားဖြူမလေးအား ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ပြသထားသည့် သတ္တ၀ါများမှာ ပြည်တွင်း မျိုးရင်များဖြစ်သော နို့တိုက်သတ္တ၀ါ ၂၆ မျိုး၊ ပြည်ပမှ မှာယူထားသော မျိုးရင်း ၁၀ မျိုး၊ ပြည်တွင်း တွားသွားသတ္တ၀ါ ၇ မျိုး နှင့် ပြည်ပ ၇ မျိုး၊ ပြည်တွင်း ကျေးငှက်တ္တ၀ါအုပ် စု ၂၆ မျိုးနှင့် ပြည်ပမှ မျိုးရင်းတစ်မျိုးတို့ ပါဝင်ကြောင်း သိရသည်။

ဆာဖာရီဥယာဉ် (နေပြည်တော်)ရှိ ကျားဖြူတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-နေပြည်တော်သတင်းအဖွဲ့)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map