<div style='background-color: none transparent;'></div>

Home » » ကုလစုံစမ်းရေးအဖွဲ့ကို ဆီးရီးယားဝင်ခွင့်ပြုပြီ

ကုလစုံစမ်းရေးအဖွဲ့ကို ဆီးရီးယားဝင်ခွင့်ပြုပြီ


Monday, August 26, 2013

ဆီးရီးယားအစိုးရတပ်အနေနဲ့ အတိုက်အခံလုပ်သူတွေအပေါ် ဓာတုလက်နက်အသုံးပြုပြီး နှိမ်နင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟုတ်မဟုတ်ဆိုတာ စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂ တောင်းဆိုလိုက်တာကို ဆီးရီးယားအစိုးရက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂက ဆွေးနွေးတောင်းဆိုမှုတွေ နှစ်ရက်ကြာ လုပ်ဆောင်ပြီးမှ ဝင်ခွင့်ရသွားတာဖြစ်ပေမယ့် ဒီအချိန်လောက်မှာ ဓာတုလက်နက်တွေ အသုံးပြုတဲ့ သက်သေ အထောက်အထားတွေ ကျန်ရှိတော့မှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။

အရင်ကတည်းက ဆီးရီးယားနိုင်ငံမှာ ရောက်ရှိပြီးသား ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ကို စစ်ဆေးခွင့်ပြုတာဖြစ်ပြီး ဓာတုလက်နက် အသုံးပြုတဲ့အတွက် လူပေါင်း ရာနဲ့ချီ သေဆုံးရတယ်ဆိုတဲ့ နေရာကို စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက် မသုံးရဘူးလို့ ခုချိန်ထိ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက်တွေ အသုံးပြုခဲ့မယ်ဆိုရင် အရေးယူတုန့်ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်အစိုးရက သတိပေး ပြောဆိုခဲ့ပါတယ်။



ဓာတုလက်နက်ကို အသုံးပြုခဲ့တဲ့အတွက် လူပေါင်း ရာနဲ့ချီသေဆုံးပြီး တချို့လူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

အေးချမ်းမွန် ...............မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map