............. အာဖရိကတောင်ပိုင်းက Swaziland နိုင်ငံမှာတော့ ဥပဒေတရပ် စတင်ထုတ်ပြန် ပြဌာန်းလိုက်ပါပြီ။
အမြင့်ပေ(၅၀၀)[မီတာ(၁၅၀)]အထက်တွ
အကယ်၍ ဥပဒေကိုချိုးဖောက်ပြီးတော့ သတ်မှတ်အမြင့်ပေအထက်ကျော်လွန်ပျ
၅၀၀ ၀၀၀ {500,000 South African rand (£36,000)} ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အခုလို တံမြက်စည်းရိုးတံကိုအသုံးပြုပြီ
(အက်ဒမင်-ရွာတော်ရှင်)
#Photo Credit Soe Thiha Naung
မူရင်းသတင်းလင့်ခ်များ
၁။http://now.msn.com/
၂။http://www.trutv.com/library/
၃။http://www.globalpost.com/
၎။http://www.timeslive.co.za/
Credit: This Facebook Link
အမြင့်ပေ ၅၀၀ အထက်တွင် စုန်းကဝေများ ပျံသန်း သွားလာခွင့် ဆွာဇီလန်၌ ပိတ်ပင်
ကမ္ဘာနှင့် တစ်ဝန်း စုန်းကဝေများ အမှန်တကယ် တည်ရှိမှုအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ် နေခဲ့သော် လည်း အာဖရိက တောင်ပိုင်း ဆွာဇီလန် နိုင်ငံတွင် စုန်းကဝေနှင့် ပက်သက်ပြီး ဥပဒေ တစ်ခု ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ထုတ်ပြန် ကြေညာသွား ခဲ့သည်။ ဆွာဇီလန်နိုင်ငံတွင် အမြင့်ပေ ၅၀၀ အထက်၌ စုန်းကဝေများ တံမြတ်စည်းရိုးတံ အသုံးပြုပြီး ပျံသန်း သွားလာခြင်းကို တားမြစ်ကြောင်း ဆွာဇီ လန် ပြည်တွင်း လေကြောင်း သွားလာမှု ထိန်းချုပ်ရေး အာဏာပိုင်များက မေလ ၁၄ ရက်နေ့တွင် တရား ၀င် ထုတ်ပြန်ကြေညာ သွားခဲ့သည်။ စုန်းကဝေများ အမြင့်ပေ ၅၀၀ ခန့် ပျံသန်း သွားလာ ပါက အစိုးရ ရဟတ်ယာဉ်များနှင့် လေယာဉ်မျး ပျံသန်းမှုကို ထိခိုက်စေနိုင်မည် ဖြစ်သောကြောင့် ယင်းသို့ တားမြစ်ခဲ့ကြောင်း ဆွာဇီလန်လေတပ်မှ ဒါရိုက်တာ ဆာဗယ်လိုဒလာနီက ပြောကြား သွားခဲ့သည်။ ဆွာဇီလန် နိုင်ငံသည် စုန်းကဝေ၊ မှော်အတတ် ပညာများကို နက်နက်ရှိုင်းရှိုင်း ယုံကြည် မှုများ ထွန်းကားလျက်ရှိပြီး ပြီးခဲ့သည့်နှစ် ပါလီမန် အစည်းအဝေးတွင် ပါလီမန် အမတ် တစ်ဦးက မှော် ပညာဖြင့် ဆေးဝါးကုသမှုများကို ခေတ်ပေါ် ဆရာဝန်များ ကဲ့သို့ အခွန် ကောက်ယူမှုများ ပြုလုပ်ပြီး တိုင်းပြည်၏ ဘဏ္ဍာရေး အကျပ်အတည်းကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းရန် တင်ပြ တောင်းဆို ခဲ့ကြောင်း သိရသည်။
(Metro,14.5.13) ကိုစိုး
Myanmar Forward...................မှ


0 comments:
Post a Comment