<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးငယ် နှစ်ဦးကို ပြည့်တန်ဆာအဖြစ် လူကုန်ကူးသူအား အရေးယူ

အမျိုးသမီးငယ် နှစ်ဦးကို ပြည့်တန်ဆာအဖြစ် လူကုန်ကူးသူအား အရေးယူ



ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ရွာဘဲနယ်မြေအတွင်း အသက် ၁၅ နှစ်နှင့် ၁၉နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် လူကုန်ကူးခဲ့သူဟု သံသယရှိသူ သုံးဦးအား တရားစွဲ တင်နိုင်ရေး အတွက် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြည်ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှုး (ရုံးခွဲ) က စုံစမ်းသိရှိရသည်။

ပြည့်တန်ဆာအဖြစ် လူကုန်ကူးကာ အတင်းအကြပ် ခိုင်းစေခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦး၏ မိဘအုပ် ထိန်းသူများက ဇူလိုင်လတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများကို တရားစွဲ တင်နိုင်ရေး နှင့် ကျန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင် ရွက်နေကြောင်း တပ်ဖွဲ့စုမှူးရုံးခွဲမှ ဒုရဲမှူး မျိုးသိန်းက ပြောကြားသည်။

အမှုများသည် သီးခြားဖြစ်သော်လည်း အမျိုးသမီးငယ်နှစ်ဦးကို တစ်ရပ်တည်းနေသူများက ဘဝနေထိုင်မှု အခက်အခဲကို အကြောင်းပြုပြီး သာမန်အလုပ် လုပ်ရမည်ဟုဆို၍ ခေါ်ဆောင်သွားကာ ဂန့်ဂေါမြို့နယ်နှင့် ပခုက္ကူမြို့နယ်များတွင် အတင်းအကျပ် ပြည့်တန်ဆာ လုပ်ကိုင်စေ ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“မကွေးတိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ ပူပေါင်းဆောင် ရွက်နေပါတယ်။ ဇူလိုင်လ ၁၉ ရက် နေ့က လူကုန်းကူးမှု ကျူးလွန်သည်ဟု ယူဆရသူ ၃ ဦးကို ဖမ်းမိပါတယ်။ လူကုန်ကူးမှု တားဆီး ကာကွယ် ရေး ဥပဒေပုဒ်မ-၂၄ နဲ့ နှစ်မှုလုံးကို ဖွင့်ထားပါတယ်” ဟု ၎င်းကဆိုသည်။

လူကုန်ကူးခံရသည်ဟု ယူဆလျှင် လာရောက် တိုင်ကြားနိုင်သော်လည်း လုပ်အားသို့မဟုတ် ကာမကို ခေါင်းပုံဖြတ်ခံရမှ လူကုန်ကူးမှုအဖြစ် သတ်မှတ်ပြီး လူကုန်ကူမှု တားဆီးကာကွယ်ရေး ဥပဒေများဖြင့် တရားစွဲဆိုနိုင်မည် ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ၏ ပြစ်ဒဏ်သည် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်၂၀ ထိ ကျခံနိုင်ပြီး ဂိုဏ်းဖွဲ့ကျူးလွန်ပါက သေဒဏ်ထိကျနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အထက်ပါ လူကုန်ကူးမှုများအတွက် ပြည်မြို့ မြို့မရဲစခန်းတွင် ဇူလိုင်လ ၁၈ ရက်နေ့တွင် တိုင်တန်းချက် ပ/၅၄၅/၂၀၁၃ ဖြင့်လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်တိုင် တန်းချက် ပ/၅၅၄/၂၀၁၃ ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၂၄ ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်း ပြည်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။


Today Myanmar....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map