<div style='background-color: none transparent;'></div>

Home » » "ဗောက်စ်ဝက်ဂွန်" ************

"ဗောက်စ်ဝက်ဂွန်" ************



ကျနော်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်
မိုးကြီး တဲ့
လူနောက် လူရှုပ်ပါ။ အလုပ်က ကားပွဲစား။
လူကရုပ်ဆိုးပေမယ့် အပြောက တော်တော်ကောင်းတယ်၊
သုံးနိုင်စွဲနိုင်တယ်ဆိုတော့ ကောင်မလေးတွေက သဘောကျတယ်ဗျ။
ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းတွဲတယ်။
သူငယ်ချင်းတွေ ရှိတတ်တဲ့ နေရာတွေကိုလည်း သူ့ရည်းစားတွေကို ခေါ်ခေါ်လာပြီး ကြွားလေ့ရှိတယ်။

လူက ကားပွဲစားဆိုတော့ သူ့ကောင်မလေးတွေ အကြောင်းပြောရင် နာမည်ရင်းကို မသုံးဘဲ ကားနာမည်တွေနဲ့ ခေါ်လေ့ရှိတယ်... ....
"မနက်က ငါတွဲလာတဲ့ မာစီဒီး လေး နိပ်တယ်မလား"
"နိပ်ပါတယ်၊ ဒါနဲ့ ဘာလို့ သူ့ကို မာစီဒီးလို့ ခေါ်ရတာလဲ"
"သူက မာစီဒီးလိုဘဲလေ၊ ဘော်ဒီမာတယ်၊ ဖရိန်တောင့်တယ်၊ အကြမ်းပတမ်းခံတယ်၊ ဒါ့ကြောင့်ကွ"
"အော်...."

နောက်တခါ ကောင်မလေးတစ်ယောက်ကျတော့ လင်ခရုဇာတဲ့... ...
"သူကျတော့ ဘာလို့ လင်ခရုဇာလဲ"
"သူက ဘော်ဒီကြီးတယ်၊ ဗျက်ကျယ်တယ်၊ အဟန့်ကောင်းတယ်လေ၊ ဒါ့ကြောင့် လင်ခရုဇာလို့ ခေါ်တာ"
"အော်...."

နောက်တစ်ယောက် တွဲသေးတယ်
သေးသေးသွယ်သွယ် လှတပတလေး၊ လူပုံကတော့ ပျော့နွဲ့နွဲ့နဲ့
သူ့ကျတော့ ဆူပါစလွန်းတဲ့
အင်း... သူနာမည်ပေးပုံနဲ့ သူ့ကောင်မလေးတွေက လိုက်လည်းလိုက်ပါပေရဲ့... ....

အဲ....
အဲ ပေါ့လေ... ...
တစ်နေ့သားမှာတော့ မောင်မင်းကြီးသားက တစ်ယောက်သောသူကို ခေါ်လာပါလေဗျာ...
ရုတ်တရက်တော့ ကျနော်တို့လည်း သတိမထားမိဘူး
အဲဒီတစ်ယောက်ဆီက စကားပြောသံထွက်လာမှ 'မာမရှိန်း' မိန်းမရှာလေးဖြစ်နေမှန်း သိရတော့တာကိုးဗျ... ..
ဒီလောက် မိန်းမချောလေးတွေ မျိုးစုံနဲ့ တွဲနေတဲ့ကောင်က ဘယ့်နှယ့် အခြောက်မကို တွဲရပြန်တာလဲ၊ နားကိုမလည်တော့ဘူး...

ဒါနဲ့ နောက်ရက်တွေ့တော့ မေးကြည့်မိတယ်... ...
"မင်းဟာက ဘယ့်နှယ့်ဖြစ်ရတာတုံး၊ မနေ့က တွဲလာတဲ့ဟာက အခြောက်မကြီး မဟုတ်လား"
"ဟုတ်တယ်လေ၊ အပြောင်းအလဲလေးပေါ့ကွာ၊ မင်းတို့ နားမလည်ပါဘူး၊ ဟားဟား ..ဟား"
"နားမလည်ဘူးဘဲ ထားပါတော့'

အင်း.. ဒီတယောက်ကိုကျတော့ ဘာကားနာမည်များ ပေးထားမလဲလို့ သိချင်တာနဲ့ စပ်စုကြည့်မိတယ်... ...

" ပြောပါအုံး၊ သူ့ကျတော့ ဘာကားနာမည်ပေးထားလဲ"

"ဗောက်စ်ဝက်ဂွန်"

"ဟင်... ဘာလို့လဲ"

"အင်ဂျင်က နောက်မှာမလို့".... တဲ့။


သန်၎ကို
ဟာသဗိမာန်-ဆရာသန်

အေးချမ်းမွန်............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map