<div style='background-color: none transparent;'></div>

Home » » စက်တင်ဘာတွင် ၂၀၁၃ ဆီးဂိမ်းအကြို မွေထိုင်းပြိုင်ပွဲ ကျင်းပမည်

စက်တင်ဘာတွင် ၂၀၁၃ ဆီးဂိမ်းအကြို မွေထိုင်းပြိုင်ပွဲ ကျင်းပမည်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မွေထိုင်းအားကစားနည်းတွင် အောင်မြင်မှုရရှိရန် ဆီးဂိမ်း အကြို မွေထိုင်းပြိုင်ပွဲကို လာမည့်စက်တင်ဘာလကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်မှ ပြောသည်။
လက်ရှိအချိန်တွင် မွေထိုင်းအမျိုးသား အားကစားသမား ၁၂ ဦးနှင့် အမျိုးသမီးအားကစားသမားရှစ်ဦး တို့သည် ပြီးခဲ့သည့် ၂၀၁၃ မေလမှစတင်ကာ နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည်။ စခန်းဝင် လေ့ကျင့်လျက် ရှိသည့် အားကစားသမားများထဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော်များ ဖြစ်သည့် စောငမန်း၊ ရန်ကြီးအောင်၊ တူးတူး၊ ထွန်းထွန်း၊ စိုးလင်းဦး၊ ကညောဖိုးစသည့် ရိုးရာလက်ဝှေ့ကစားသမားများ ပါဝင်ကြသည်။ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က “လက်ဝှေ့ပွဲက ထိုးသတ်တာ ကောင်းရုံနဲ့တင် မလုံလောက်ပါဘူး။ ကံကောင်းဖို့လည်း လိုပါတယ်။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ယူမယ်လို့ ရည်မှန်းချက်တော့ ရှိပါတယ်။ ဒါပေမဲ့ အာမမခံနိုင်ပါဘူး။ ရွှေ ၁၄ ခု ပေးမယ့်အထဲမှာ အိမ်ရှင်မြန်မာက ရွှေတံဆိပ် လေးခုလောက် ရအောင်ယူမယ်လို့ ရည်မှန်းထားပါတယ်”ဟု ပြောကြားခဲ့သည်။
စက်တင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းအကြိုပြိုင်ပွဲတွင် ဆီးဂိမ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အရှေ့တောင် အာရှနိုင်ငံများအားလုံး ဖိတ်ကြားမည် ဖြစ်သည်။ ဆီးဂိမ်းမွေထိုင်းပြိုင်ပွဲတွင် စောငမန်း၊ ရန်ကြီးအောင်တို့သည် ၇၅ ကီလိုတန်း ၌လည်းကောင်း၊ ၇၁ ကီလိုတန်းတွင် ထွန်းထွန်းမင်း၊ ၆၇ ကီလိုတန်းတွင် တူးတူး၊ ၆၃ ဒသမ ၅ ကီလို တန်း တွင် စိုးလင်းဦး၊ ရဲတံခွန်၊ ၆၀ ကီလိုတန်းတွင် ကြယ်စင်ဖြိုး၊ ၅၇ ကီလိုတန်းတွင် ၀ီလျှံ၊ ၅၄ ကီလို တန်းတွင် စောဒါပို့၊ ၅၁ ကီလိုတန်းတွင် ရဲရင့်ထွန်း၊ ၄၈ ကီလိုတန်းတွင် ကညောဖိုး၊ စောဖိုးဝေတို့ ပါဝင်ကစားကြမည် ဖြစ်သည်။
Mizzima - News in Burmese
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map