<div style='background-color: none transparent;'></div>

Home » » တရုတ် လူဦးရေ ၁၇ သန်းနီးပါး မိုးခေါင်ရေရှားသည့်ဒဏ် ခံစားနေရ

တရုတ် လူဦးရေ ၁၇ သန်းနီးပါး မိုးခေါင်ရေရှားသည့်ဒဏ် ခံစားနေရ



တရုတ်ပြည်အနောက်တောင်ပိုင်း Guizhou ပြည်နယ်တစ်ဝိုက် က ဒေသတွေမှာ မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း သိရပါတယ်။

ဇူလိုင်လကတည်းက စတင်တဲ့ ရာသီဥတု ဖောက်ပြန်မှုဖြစ်ပြီး အချို့ ပြည်နယ် တွေဆိုရင် အပူလိုင်းဖြတ်သန်းမှုကို ခံစားရပါတယ်။ Guizhou ပြည်နယ် မှာဆိုရင်လည်း လူဦးရေ ၃ သန်းနီးပါး ဟာ ရေအငတ် ဘေး သင့်နေပြီး တရုတ်အစိုးရမှ သောက်သုံးရေ ရရှိရေးအတွက် သယ်ယူပို့ဆောင်ပေးနေရကြောင်း ဆိုပါတယ်။

မိုးခေါင်မှုကြောင့်လည်း စိုက်ပျိုးရေး လယ်ကွင်း ၁.၂၆ သန်း ဟက်တာ ပျက်ဆီးခဲ့ပြီး စားသုံးသီးနှံတို့ ရှားပါးမယ့်အဆင့်အထိကို ရောက်လာ ပါတယ်။ ဒါကြောင့် ယခုလို ရာသီဥတု ဖြစ်စဉ်ပြောင်းလဲမှု အတွက် ဒေသဆိုင်ရာ ရာသီဥတု ထိန်းသိမ်း ရေးအဖွဲ့များမှ ကြိုတင် သတိပေးချက်များ ထုတ်ပြန်ထားလျက်ရှိပြီး အစားအသောက်နဲ့ သောက်သုံးရေ ထောက်ပံ့ရန် အစိုးရမှ အဆင်သင့် ပြင်ထားကြောင်း သိရပါတယ်။
.
Ref: xinhua

ရိုးရာလေး......မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map