<div style='background-color: none transparent;'></div>

Home » , » သုံးလသား အရွယ် ကလေးငယ် တစ်ဦး ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက် လောင်သည့် ဝေဒနာ ခံစားနေရ

သုံးလသား အရွယ် ကလေးငယ် တစ်ဦး ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက် လောင်သည့် ဝေဒနာ ခံစားနေရ

ချန်နိုင်း သြဂုတ် ၁၂
အိန်္ဒိယနိုင်ငံ တမီးလ်နာဒူ ပြည်နယ် ချန်နိုင်းမြို့တွင် ရာဟုလာ အမည်ရှိ သုံးလသား ကလေးငယ် တစ်ဦးသည် ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက်လောင် သည့် ဝေဒနာကို ခံစားခဲ့ရ ပြီးနောက် ကိုယ်ခန္ဓာ လောင်ကျွမ်းမှု ဝေဒနာကို ခံစား ခဲ့ရကြောင်း သိရသည်။
သို့သော် ယခုအခါတွင် ၎င်း၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း  ကီလ်ပေါက်ခ် ဆေးပညာ ကောလိပ် ဆေးရုံ(KMCH)မှ ဆရာဝန် များက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ကလေးငယ်သည် ခန္ဓာကိုယ် အတွင်း မီးတောက်လောင်သည့် ဝေဒနာကို သီတင်းပတ် လေးပတ်ကြာ ခံစား ခဲ့ရပြီး ခန္ဓာကိုယ် ပေါ်တွင် မီးလောင်ဒဏ်ရာ များပါ ခံစား ခဲ့ရကြောင်း ရာဟုလာ၏ မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
ထို့ကြောင့် ၎င်းကလေးငယ်အား KMCH ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်၏ ၀မ်းဗိုက်နှင့် ရင်ဘတ်ပိုင်းတွင် ခံစား နေရသော မီးလောင် ဒဏ်ရာကဲ့သို့ ဒဏ်ရာများကို ဆရာဝန် များက ကုသ ပေးခဲ့ပြီး နောက်တွင် ၎င်း၏အခြေ အနေမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ပေ။ သို့သော် ၎င်းအား စောင့်ကြည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ပြီး အခြေအနေ ကောင်းမွန် လာပါက သီတင်းပတ် နှစ်ပတ်အတွင်း ဆေးရုံမှ ဆင်းရဖွယ် ရှိကြောင်း KMCH ဆေးရုံရှိ Pediatrics ဌာနမှ အကြီးအကဲ အာနာ ရာယနာ ဘာဘူက IANS သတင်း ဌာနသို့ သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

 myawady
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map