<div style='background-color: none transparent;'></div>

Home » » အသည်းကွဲရင် တစ်နှစ်လောက် ကြာတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အသည်းကွဲရင် တစ်နှစ်လောက် ကြာတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း



အချစ် ရှိတာဟာ လူတိုင်း အတွက်ကောင်း ပါတယ်။ သဉ္ဇာ အတွက်ကျတော့ အချစ်ရှိရင် အရူးမ ကြီးလိုပါပဲ။ ပူလောင်တယ်။ အချစ် နဲ့ကတော့ ဝေးလေ ကောင်းလေလို့ပဲ ထင်ပါတယ်။ အချစ်ဆိုတာ သဉ္ဇာ့ အတွက်လုံးဝ အကျိုးမပေးပါဘူး။ စိတ်ညစ်စရာတွေ ချည်းပဲ ပေးတယ်။ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်ဘဲ ဒေါသ ထွက်တာ၊ ဂျေဝင် တာအရမ်း များတော့ သဉ္ဇာနဲ့လည်း ဘယ်သူနဲ့မှ ကီးမကိုက်ဘူး။ အိမ်ကလည်း တစ် ယောက်တည်းပေး မလွတ်တဲ့ အတွက် ရည်းစားနဲ့ လည်းချိန်းလို့ မရဘူး။ ဖုန်း နဲ့ပဲပြောတဲ့ အချစ်က ကြာရှည်မခံပါ ဘူး။ အခုထိတော့ သဉ္ဇာကတော့ အချစ်ကို ပေးလည်း မပေးဘူး။ ယူ လည်းမယူ ချင်တော့ဘူး။ အခုချိန်မှာ သဉ္ဇာနဲ့ဖုန်းပြောနေတဲ့ သူလည်း မရှိ သလို ကိုယ်က စိတ်ဝင်စားနေတဲ့ ယောကျာ်းလေးလည်း မရှိတော့ အခုချိန်မှာ အချစ်က ၁၀ ရာခိုင်နှုန်း လောက်ပဲအရေး ပါတော့တယ်။ သဉ္ဇာက အသည်းကွဲရင် တစ်နှစ် လောက်ကြာတယ်။ တော်တော်ကြီး ကို ဆိုးဆိုး ဝါးဝါးပါပဲ။ သဉ္ဇာက Romantic ဆန်တဲ့ အချစ်ကိုကြိုက် တယ်။ ဒါပေမဲ့ တစ်ခါမှ Romantic မဖြစ်ဖူးဘူးလို့ ထင်တာပဲ။ အချစ် တစ်ခုတည်းနဲ့ အိမ်ထောင်ပြုမယ် ဆိုရင် ကိုယ့်ရဲ့ဘဝ ကံကိုပုံပြီး အိမ် ထောင်ပြုတာပဲလို့ ထင်တာပဲ။ သဉ္ဇာ ကအိမ်ထောင်ပြုရင် ကိုယ်ချစ်တဲ့သူ လည်းမယူဘူး။ မိဘပေးစားတဲ့ သူကို လည်း မယူဘူး။ ကိုယ်ယူမယ့် လူက လူတိုင်းက သူ့ကို အရည်အချင်းရှိ တယ်လို့ သတ်မှတ် ထားတဲ့သူ။ ကိုယ် ဘယ်ပဲသွားသွား သူ့ကိုကိုယ်ထုတ်ပြ ရဲတဲ့သူ တစ်ယောက်ဖြစ်တဲ့ သူမျိုးကို ပဲ လိုချင်ပါတယ်။

8 Days
 
 
Golden Land Myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map