<div style='background-color: none transparent;'></div>

Home » » အိန်္ဒိယ နိုင်ငံတွင် ကုမ္ပဏီ ၀န်ထမ်းတစ်ဦး ရူပီး ၈၅ သန်း တန်ဖိုးရှိ စိန်များခိုးယူ

အိန်္ဒိယ နိုင်ငံတွင် ကုမ္ပဏီ ၀န်ထမ်းတစ်ဦး ရူပီး ၈၅ သန်း တန်ဖိုးရှိ စိန်များခိုးယူ

မွမ်ဘိုင်း သြဂုတ် ၁၆
အိန်္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့ အနောက်ပိုင်းရှိ အာဂျစ်ရှီ စိန်ရောင်းဝယ်ရေး ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးသည် Bandra Kurla Complex (BKC) ရှိ ကုမ္ပဏီ ရုံးခန်း အတွင်းမှ ရူပီး ၈၅ သန်း တန်ဖိုးရှိ စိန်များကို ခိုးယူခဲ့ကြောင်း၊ ယင်းဝန်ထမ်းသည် စိန်များနှင့် အတူ လွတ်မြောက် ခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပရာကက်ရှ် ချောဒါရီ အမည်ရှိ အသက် ၂၅ နှစ်အရွယ် အဆိုပါ ၀န်ထမ်းသည် သြဂုတ် ၁၃ ရက် နံနက် ၉ နာရီခန့်က ၎င်း၏ အလုပ်ရှင် ပေးထားသော သော့ဖြင့် ရုံးခန်း အတွင်းသို့ ၀င်ရောက်ခဲ့ပြီး ရူပီး ၈၅ သန်း တန်ဖိုးရှိ စိန်များကို ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း CCTV ကင်မရာ မှတ်တမ်းများ အရ သိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင် များကို သြဂုတ် ၁၄ ရက် ညက အဆိုပါ ၀န်ထမ်း၏ မွေးရပ်မြေ ဂူဂျာရက် ဒေသသို့ စုံစမ်းမှုများ ပြုလုပ်ရန် စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ချောဒါရီသည် အဆိုပါ ကုမ္ပဏီတွင် လွန်ခဲ့သည့် သုံးနှစ်မှ စ၍ အလုပ် လုပ်ကိုင်ခဲ့ပြီး ၎င်း၏ အလုပ် ကြိုးစားမှုနှင့် ရိုးသားမှုကြောင့် ကုမ္ပဏီ ပိုင်ရှင်က ၎င်းအား သော့တစ်စုံ အပ်နှံခဲ့ကြောင်း သိရသည်။


မြ၀တီ...................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map