<div style='background-color: none transparent;'></div>

Home » » ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ငါးပိများ၌ ဓာတ်မြေသြဇာ ရောနှော ထားမှု တွေ့ရှိနေရ

ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ငါးပိများ၌ ဓာတ်မြေသြဇာ ရောနှော ထားမှု တွေ့ရှိနေရ

ရန်ကုန် သြဂုတ် ၂ဝ
ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည့် ငါးပိများတွင် ဓာတ်မြေသြဇာ ရောနှော ပါဝင်နေကြောင်း စားသုံးသူ ကာကွယ် ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ငါး၊ ပုစွန် ထွက်ရှိသော ဒေသများ၌ ငါးပိ  ထုတ်လုပ်မှု လုပ်ငန်းများ သည်လည်း စီးပွားရေး ဈေးကွက် တစ်ခု အနေဖြင့် ရှိနေကြောင်း၊ ယခင် သဘာဝ နည်းအတိုင်း စီးပွားဖြစ် ငါးပိထုတ်လုပ်မှု အဆင့်ဆင့်မှာ ခြောက်လခန့် ကြာမှ ရရှိကြောင်း၊ ယခုမူ ဈေးကွက် အတွင်းသို့ အမြန် ရောင်းချနိုင်ရန် တစ်လခန့်နှင့် ငါးပိ ထုတ်လုပ်ရာ၌ ဓာတ်မြေသြဇာ အပြင်း၊ အပျော့ များကို အသုံးပြု လာကြကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ဒီလို လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေ အသုံးပြုပြီး စားသောက်ကုန်တွေ ထုတ်နေတဲ့ လုပ်ငန်း တွေကို ထိရောက်စွာ အရေးယူ သင့်တယ်။ ငါးပိတစ်ထုပ်ကို အိမ်တစ်အိမ်က ကျိုလိုက်ရင် ရလာတဲ့ ငါးပိရည်ကို တစ်မိသားစုလုံး စားသုံးကြတဲ့အတွက် ပိုပြီး အရေးကြီး ပါတယ်။ ဒီလို ကျန်းမာရေး ထိခိုက်စေတဲ့ စားသုံးကုန်တွေကို တားမြစ်ပေး စေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ စီးပွားရေးအရ တွက်ခြေကိုက်အောင် ငါးပိ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပုံမှန် သဘာဝအတိုင်း ငါးပိ ထုတ်လုပ်သော ဒေသများတွင်ပါ ဓာတ်မြေသြဇာ အသုံးပြု မှု ပြုလုပ် လာနေကြောင်း သိရသည်။
အဆိုပါ ငါးပိ စားသုံးမှုသည် မြန်မာနိုင်ငံ၌ သာမက အိမ်နီးချင်း နိုင်ငံ များတွင်လည်း စားသုံးကြကြောင်း၊ငါးပိ အမျိုးအစား များစွာရှိပြီး မြန်မာ နိုင်ငံတွင် သဘာဝ နည်းအတိုင်း ထုတ်လုပ်သည့် ငါးပိ လျော့နည်း လာကြောင်း၊ မြန်မာနိုင်ငံတွင် ငါးပိ အများဆုံး ထွက်ရှိသည့် ဒေသမှာ ဘိုကလေး၊ ဖျာပုံ၊လပွတ္တာ၊ မြောင်းမြနှင့် ပုသိမ်မြို့ရှိ သက်ကယ်သောင်တို့ ဖြစ်ကြ ကြောင်း သိရသည်။


 မြ၀တီ....................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map