<div style='background-color: none transparent;'></div>

Home » » ယာဉ်နောက်လိုက်ဆိုသူ တချို့  ယာဉ်နောက်မှ ရှဲလ်ဘမ်ပါ ပေါ်တွင် တွယ်၍ မလိုက်စေချင်

ယာဉ်နောက်လိုက်ဆိုသူ တချို့  ယာဉ်နောက်မှ ရှဲလ်ဘမ်ပါ ပေါ်တွင် တွယ်၍ မလိုက်စေချင်

ရွှေဘို သြဂုတ် ၂ဝ
ရွှေဘို-မန္တလေး နေ့စဉ် ပြေးဆွဲလျက် ရှိသော ခရီးသည်တင် မှန်လုံယာဉ် များ၌ ယာဉ်နောက်လိုက် အဖြစ် လိုက်ပါ လုပ်ကိုင်နေသူ တချို့သည်
ယာဉ်များ မောင်းနှင် ပြေးဆွဲနေသည့်အခါ ယာဉ်၏နောက်ပိုင်း ရှဲလ်ဘမ်ပါ ပေါ်တွင် ရပ်လျက် တွယ်ကပ် လိုက်ပါနေသည်ကို မကြာခဏ မြင်တွေ့နေရ သည့် အတွက် အသက်ဘေးအန္တရာယ် တစ်စုံတစ်ခု ဖြစ်ပေါ်လာမည်ကို တွေ့မြင်သူများ စိုးရိမ်လျက် ရှိကြောင်း စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာမှ ခရီးသွားလာသူ တစ်ဦးက ပြောကြားခဲ့သည်။
''ကားစပယ်ယာတွေက ကားနောက်ကနေ ရပ်လိုက်နေတာကို မြင်ရတာ စိတ်ချမ်းသာမှု မရပါဘူး။ မတော်တဆများ ခြေချော် လက်ချော်ဖြစ်ပြီး ပြုတ်ကျသွားခဲ့ရင် နောက်ကပါလာတဲ့ကားသမားက နေရင်းထိုင်ရင်း ဒုက္ခရောက်ရမှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယာဉ်နောက်လိုက် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ များသည် လုပ်ငန်းလိုင်စင် ရရှိရန် သက်ဆိုင်ရာသို့ လျှောက်ထားစဉ်တွင် ယာဉ်၌ လိုက်ပါ ဆောင်ရွက်သည့် အခါ မည်ကဲ့သို့ လိုက်နာရမည်ကို ဖော်ပြပေး ထားပြီး ဖြစ်သော်လည်း အမှန်တကယ် ယာဉ်နောက်လိုက်၍ လုပ်ငန်းခွင် ဝင်သည့်အခါ သတ်မှတ် စည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်လျက် ရှိကြောင်း သိရသည်။
ယာဉ်နောက်လိုက်များသည် ယာဉ်သွားလာ ပြေးဆွဲနေစဉ် စည်းကမ်းတကျ လိုက်ပါမှု မရှိဘဲ ယာဉ်၏နောက်ပိုင်းမှ စည်းကမ်းပျက်စွာ လိုက်ပါ စီးနင်းနေခြင်းမှာ ၎င်း၏ အသက်ဘေး အန္တရာယ် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်စေနိုင်သကဲ့သို့ နောက်မှ လိုက်ပါ မောင်းနှင်လာသော ယာဉ်မောင်းများ အတွက်လည်း အလွန်အန္တရာယ် ကြီးမားခြင်းကြောင့် ယာဉ်နောက်လိုက်ဆိုသူများသည် ယာဉ်နောက်မှ နေ၍ တွယ်ကပ် လိုက်ပါလာခြင်း မပြုရန် လိုအပ်ကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။


 မြ၀တီ.......................မှ




Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map