<div style='background-color: none transparent;'></div>

Home » » အရည်ချင်းဖြင့် မိမိဘဝကို လင်းလက်စေသူ

အရည်ချင်းဖြင့် မိမိဘဝကို လင်းလက်စေသူ

စာဖတ်သူတွေကော Lizzie သာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုများဖြစ်သွားနိုင်လဲ။
ကဲထားပါ အားလုံးဟာ Lizzie လိုတော့မဖြစ်နိုင်ပါဘူး အားနည်းချက် ကိုယ်စီတော့ရှိမှာပါ။ မပြည့်စုံဘူး၊ မလုပ်နိုင်ဘူးဆိုပြီး တွေဝေအချိန်ကုန်ခဲ့တဲ့ ကျွန်တော်တို့အတွက်တော့ နောက်ကျသွားပြီဆိုတာမရှိပါဘူး။
ကိုယ့်လမ်းကြောင်းနဲ့ကိုယ် အားလုံးကြိုးစားကြဖို့ သင်ခန်းစာတစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး Lizzie Velasquez ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံသူဖြစ်ပြီး ၁၉၈၉ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ မွေးဖွားသူ ဖြစ်ပါတယ်။ သူမရဲ့ အသက်က လက်ရှိ ၂၄ နှစ်ရှိပါပြီ။
ဆေးပညာ ရပ်အရ အလွန်ရှားပါးတဲ့ ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ သူမအပါအဝင် နှစ်ယောက်ပဲရှိပါတယ်၊ အရေပြားပေါ် မှာရှိသင့်ရှိထိုက်တဲ့ အဆီတွေလုံးဝမရှိ တဲ့အတွက် ကြွက်သားတွေက မကြီးထွားသလို ခန္ဓာကိုယ်တွင်းအဆီဓာတ်က သုည ရာခိုင်နှုန်းသာ ရှိတဲ့အတွက် စုစုပေါင်း အလေးချိန် ပေါင် ၆၀ သာ ရှိပါတယ်။
Youtube မှာသူရဲ့  ၈ စက္ကန့်စာ ဗီဒီယိုဖိုင်ကြည့် ဖူးသူတိုင်းက သူမကို ကမ္ဘာ့ရုပ်အဆိုးဆုံး အဖြစ်သတ်မှတ် ခဲ့ကြပါတယ်၊ တချို့  ဝေဖန်ချက်တွေဆိုရင် သူမကိုယ်သူမ အဆုံးစီရင်ချင်စိတ် ဖြစ်သွားလောက်အောင် ဆိုးရွားခဲ့ပါတယ်၊ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးမျက်နှာပိုင်ရှင်ဆိုပြီး အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်၊ 
တကယ်လည်းပုံမှာ စာဖတ်သူတို့မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ ဒါပေမယ့်သူမဟာ ကျွန်တော်တို့တွေထင်သလို စိတ်ဓာတ်ပျော့ညံ့သူမဟုတ်ပဲ လေးစားဖွယ် ကောင်းလောက်အောင် စိတ်ဓာတ်ကြံ့ ခိုင်သူ ပါ၊တက္ကသိုလ် ကျောင်း ကိုပြီးဆုံး တဲ့အထိတက်ရောက်ပညာသင်ကြားပြီး သူမဖြစ် ချင်တဲ့ စားရေးဆရာမ ဖြစ်အောင်ကြိုး စားခဲ့ပါတယ်၊ ကြိုးစားတဲ့ အတိုင်းဖြစ်ခဲ့ပါတယ်။
သူမ ရဲ့ ပထမ ဆုံး စာအုပ်အဖြစ် Lizzie Beautiful ဆိုတဲ့စာအုပ်ကို ၂၀၁၀ ခုနှစ်မှာထုတ်ဝေခဲ့ပြီး ကမ္ဘာတစ် လွှား အောင်မြင်မှုရခဲ့ပါတယ်၊ ပြီးတော့ ဒုတိယမြောက် Be Beautiful,Be You ဆိုတဲ့စာအုပ်အပြင် သူရဲ့  တတိယမြောက်စာအုပ်ကိုတော့၂၀၁၃ ခုနှစ် စက်တင်ဘာလ မှာထုတ်ဝေမယ် လို့ဆိုထားပါတယ်၊
သူရဲ့ စာအုပ်တွေအောင်မြင်လာတာနဲ့ အတူ မိသားစုဘဝကိုအကောင်းမွန်ဆုံး ထိန်းကြောင်းပေး နိုင်ခဲ့သလို သူ့ကိုယ်သူလည်း အကောင်းမွန်ဆုံး ရပ်တည် နိုင်ခဲ့ပါတယ်၊
"လူအများစု ဟာလိုချင်တဲ့ ရုပ်ဝတ္ထုတွေ မရဘူးဆိုရင် စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုကိုယ်သိမ်ငယ်လာတယ်၊ ပတ်ဝန်းကျင်ကိုအကောင်းမမြင်တော့ဘူး၊အဲဒီအတွက်သီးသန့်နေထိုင်လာတယ်၊ အထီးကျန်လာတယ်၊ စိတ်ျရောဂါဝင်လာမယ်၊နောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်နိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်"
ဒါပေမယ့် Lizzie ဟာအများစုတွေဖြစ်တတ်တဲ့ ခံယူချက်မျိုးကို တွန်းလှန်နိုင်ခဲ့တယ်၊ရရှိလာတဲ့ ကံတရားကို လက်ခံတယ်၊သူ့ကို ရုပ်အဆိုးဆုံး ဆိုပြီးဝေဖန်မှုတွေကို အောင်မြင်မှုနဲ့ဝါးမြို ခဲ့တယ်၊ သူများထက်ပိုပြီး ကြိုးစား ခဲ့တယ်၊ 
“ကျွန်မအပြင်ကိုသွားရင်လူတွေက ကျွန်မကိုအရမ်း စူးစူးစိတ်စိတ်ကြည့်ကြတယ်၊အရင်တုန်းကတော့ ဒါတွေကို ထိန့်လန့်ခဲ့တယ် ၊ ရင်မဆိုင်ရဲဘူး ၊ဒါပေမယ့် ကျွန်မသေချာပြန်စဉ်းစားကြည့်တယ် ငါသိမ်ငယ် နေတာ လားပေါ့၊အဲဒီစိတ်တွေကို ချေဖျက်ဖို့ ကျွန်မဆုံးဖြတ် လိုက်တယ်၊ကျွန်မကိုကြည့်နေတဲ့ သူတွေဆီကို ကျွန်မကိုယ်တိုင်သွားပြီး နှုတ်ဆက်တယ်၊ကျွန်မရဲ့ လိဒ်စာကဒ်တွေကိုပေးတယ်၊ကျွန်မနာမည် Lizzie ပါ၊ ဒါနဲ့မိတ်ဆွေ ကျွန်မကို စူးစူးစိုက်စိုက်ကြည့်နေတာလေးကိုရပ်ပေးပြီး ကျွန်မကိုလေ့လာတဲ့ မျက်လုံးနဲ့ ပဲကြည့်ပေးပါ“
သူ့ကိုကြည့်တဲ့ လူတိုင်းကို သူ့ကိုယ်သူ မိတ်ဆက်တဲ့နည်းနဲ့ ရဲရဲ ဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါတယ်၊ အဲဒီအတွက် ယုံကြည့်မှုတွေ ပိုရှိလာတယ်။ သူမ ဟာနေ့စဉ် ၁၅ မိနစ်မှ မိနစ် ၂၀ အတွင်း အစာစားရင်း တစ်နေ့တာကို ဖြတ်သန်းရပါတယ်၊
ဒါပေမယ့်စားသမျှအစားစာတွေက အဟာရမဖြစ်စေပါဘူး၊ မထိန်းသိမ်းပေးဘူး၊ ဝစေတဲ့အဆီဓာတ် မရရှိဘူး၊ ဒါကြောင့်ခန္ဓာ ကိုယ်ဟာအရမ်းကိုသေးငယ်တဲ့အပြင်၊ရောဂါကြောင့်သူမအသက် လေးနှစ် အရွယ်မှာ ဘယ်ဘက်မျက်လုံးဆုံးရှုံးခဲ့ပါတယ်၊ အခုသူမှဟာ ညာဖက်မျက်လုံးတစ်ဖက် တည်းနဲ့သာ စာရေးပြီးဘဝကို ဖြတ်သန်းနေရရသူပါ။
ကဲ..ဒီတော့ ကျွန်တော်တို့တွေကိုယ်အင်္ဂါပြည့်စုံနေရဲ့သားနဲ့ မလုပ်နိုင်ပါဘူး ဆိုပြီး ဘယ်လောက်တောင် တွေဝေအချိန်ကုန်ခဲ့ကြပြီလဲ။
"ဘဝမှာ လူတိုင်းဟာမပြည့်စုံနိုင်ပါဘူး၊လိုအပ်ချက်တွေ အနည်းနဲ့အများ ကိုယ်စီရှိကြမှာပါ။ ပညာတတ်တဲ့ သူတိုင်းဟာ မချမ်းသာသလို၊ချမ်းသာတဲ့ သူတိုင်းလည်း ပညာတတ်ဖြစ်ချင်မှဖြစ်မှာပါ။ရုပ်ချောမှသာလျှင် အိမ်ထောင်ကျရမယ်ဆိုရင် မယ်စကြာဝဋ္ဌာတို့လိုအမျိုးအသမီးတွေ အပျိုကြီးဆိုတာရှိလာမှာ မဟုတ်ပါဘူး။ ရုပ်ချောတိုင်း စိတ်မလှသလို ၊ စိတ်လှတဲ့ လူတိုင်းလည်း ရုပ်မချောနိုင်ပါဘူး။အရာရာအားလုံးကို ပြောင်းလည်း ပြီးပြည့်စုံစေချင်တယ်ဆိုရင် တော့ အရည်ချင်းကသာသင့်ဘဝ အတွက် အကောင်းမွန်ဆုံး လင်းလက်စေပါလိမ့်မယ့်"Lizzie ရဲ့ ပြောစကားပါ။
အရည်ချင်းကသာလျှင် လူတစ်ယောက်ရဲ့ တန်ဖိုးကို လင်းလက်စေတယ် ဆိုတဲ့ Lizzie ရဲ့ ပြောစကား၊သူမရဲ့ ကြိုးစားလုပ်ဆောင်ချက်တွေက တွေဝေ အချိန်ကုန်ပြီး မကြိုးစားခဲ့တဲ့ကျွန်တော်တို့တွေအတွက်တော့ သင်ခန်းစာ တစ်ခုအနေနဲ့ ရရှိစေမယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ရပါတယ်။
ခွန်နေ(August Myanmar Media Group)
 
 
Today Myanmar....................မှ
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map