<div style='background-color: none transparent;'></div>

Home » » နုပျိုချင်၍ အစာရှောင်သူ အသက် ၇၀ ကျော်အဘွားအို အရွယ်ပေါက်သွား

နုပျိုချင်၍ အစာရှောင်သူ အသက် ၇၀ ကျော်အဘွားအို အရွယ်ပေါက်သွား



 အသက် ၃၀ အရွယ်တွင် ၇၅ ပေါင် သာရှိတဲ့ Helen ဆိုတဲ့ အမျိုးသမီးဟာ အသက် ၁၀ နှစ် အရွယ် ကတည်းက အရွယ်အိုမင်းမှာ ကြောက်တဲ့ အတွက် အစာ ရှောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမဟာ အပျိုဖော်ဝင်ချိန် နောက်ကျကာ အသက် ၂၆ နှစ်အရွယ်ထိ ဓမ္မတာ စတင် မဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူမရဲ့ သားမြတ် နှစ်ဖက်စလုံးကလည်း မကြီးထွားမှု ဖြစ်မလာတဲ့ အတွက် သားမြတ်ခွဲစိတ် ကုထားတဲ့ အမျိုးသမီးလိုမျိုး ရင်အတုတွေ တပ်ထားရတယ်လို့ သိရပါတယ်။ ၀မှာကို စိုးရိမ်လို့ အစား အသောက် ပျက်သွားပြီး ကိုယ်အလေးချိန် ကျဆင်းကာ anorexia ရောဂါရသွားတာမို့ သူမရဲ့ ရုပ်ရည်ဟာ အသက် ၇၀ အရွယ် အဘွားအို လိုမျိုး ဖြစ်နေပြီး အရိုးတွေဟာလည်း ကြွပ်ဆတ်နေတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ ချော်လဲတာကြောင့် တံတောင်ဆစ်လည်း ကျိုးခဲ့တယ်လို့ ဆိုပါ တယ်။ အသက် ၁၅ နှစ် အရွယ်မှာ ၅၆ ပေါင်သာ ရှိပြီး ၂၄ နာရီ အတွင်း သေဆုံးမလို ဖြစ်သွားတာကြောင့် ဆေးရုံမှာ လေးလအကြာ နေခဲ့ရပါတယ်။ ဆေးရုံမှ ဆင်းပြီး နောက်ပိုင်းမှာလည်း ကိုယ်အလေးချိန် ဆက်လက် ကျဆင်းနေတာကြောင့် မကြာခဏ ဆေးရုံပြန်တက်ရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အသက်ကြီးသူတွေ စားတဲ့ ပမာဏလိုမျိုး မစားသုံးနိုင်ဘဲ နေ့စဉ်နေ့တိုင်း လမ်းလျှောက်တဲ့အရွယ် ကလေးတစ်ယောက် စားတဲ့ ပမာဏရဲ့ ထက်ဝက်လောက်သာ စားနိုင်တယ်လို့ သိရပါတယ်။

By SweSone

Today Myanmar...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map