<div style='background-color: none transparent;'></div>

Home » » အမှား နဲ့  ကျနော်

အမှား နဲ့  ကျနော်

ကျနော့်အမျိုးသမီးလေးက ချစ်စရာလေးပါ… ကျနော်ဘယ်ရောက်နေနေ သူအဲဒီနေရာအထိရောက်အောင်ကိုမေးတတ်တယ်…ကျနော်ကတော့ စိတ်ရှုပ်လာတယ်… သူကတော့ ဒါလေးကို မပင်ပန်းတဲ့အပြင် ပျော်မွေ့နေတတ်တယ်…ဒါပေမဲ့ သူ အဲဒီ မိုးအကြီးအကျယ်ရွာတဲ့ညတစ်ညမှာ ထာဝရပျောက်ကွယ်သွားခဲ့ပါတယ်…မင်္ဂလာဆောင်တဲ့နေ့က ကျနော့် အမျိုးသမီးက ကျနော့်ကို လက်ကိုင်ဖုန်းအသစ်တစ်လုံး လက်ဆောင်ပေးတယ်…အဲဒီညက ကျနော်တို့နှစ်ယောက် အိပ်ယာထဲမှာ ဖုန်းကို ကလိနေတယ်… ဖုန်းမြည်သံ ကိုအမျိုးမျိုးပြောင်းပြီး စမ်းကြည့်နေကြတယ်…အဲဒီအချိန်တုန်းက ကျနော်တို့ ရဲ့အချစ်ဟာ ဖုန်းမြည်တဲ့အသံလိုဘဲ နားဝင်ချိုနေတယ်… နားထောင်လို့ကောင်းနေတယ်… မျှော်လင့်ချက်တွေနဲ့စိတ်ကူးတွေ ဖုန်းလွမ်းနေတယ်…နောက်ပိုင်းမှာတော့ သူခဏခဏဖုန်းဆက်လာတယ်…“ယောကျာ်းရေ… ရုံးဆင်းရင် အိမ်စောစောပြန်ခဲ့နော်…”“ယောက်ျားရေ ရှင့်ကို သတိရတယ်… ရှင့်ကိုချစ်တယ်…”“ယောကျာ်းရေ ညကျရင် အပြင်မှာ အတူတူသွာစားရအောင်လေ…”ကျနော့်စိတ်ထဲမှာ တော့ အရမ်းကို နွေးထွေးစေတယ်ဗျ…တစ်ခေါက်က ကျနော်ဖုန်းအားသွင်းဖို့မေ့သွားတယ်… နောက် အလုပ်ကိစ္စနဲ့ စားပွဲသောက်ပွဲတွေရှိတော့ ညသန်းခေါင်လောက်မှ အိမ်ပြန်ရောက်တယ်…အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန် တွေ့ရတာကတော့ မျက်လုံးတွေနီရဲဖောင်းအစ်အောင် ငိုထားတဲ့ ကျနော့် မိန်းမရဲ့ မျက်လုံးတွေပါ…ကျနော် ရုံးဆင်းပြီးကတည်းက သူက နာရီဝက်တစ်ခါ ဖုန်းခေါ်နေပါတယ်…ကျနော် အပြင်မှာ တစ်ခုခုများဖြစ်နေပြီလား လို့စိတ်ပူနေရှာတာပါ…ကျနော် အိမ်တံခါးကို တွန်းဖွင့်လိုက်တော့မှ သူလက်ထဲက ဖုန်းခွက်ကိုချလိုက်တာပါ…ကျနော် သူဒီလို ကိစ္စအသေးလေးကို ပုံကြီးချဲ့ပြီးလုပ်နေတာကို ဘ၀င်မကျဘူး…“ကလေးလေးမှ မဟုတ်တော့တာ… အပြင်မှာ ဘာဖြစ်နိုင်မှာမို့လို့လဲ?”အိမ်ထောင်ကျပြီးနောက်ပိုင်း အချိန်တွေဟာ အရမ်းကုန်မြန်တယ်…ကျနော်လဲ ရာထူးတွေတိုးလို့ ပိုက်ဆံလဲ နည်းနည်းပါးပါးစုမိနေပြီ…ဖုန်းကို လဲလိုက်တာလဲ တော်တော်များနေပြီ… နောက်ဆုံးပေါ်တွေဘဲ…ကျနော်လဲ ကျနော့်မိန်းမနဲ့ အမြဲတမ်း စာအပြန်အလှန်ပို့လေ့ရှိတယ်…လက်ကိုင်ဖုန်းဟာ တကယ့်ကို အသုံးဝင်တဲ့ လူသားတွေကို အကျိုးပြူတဲ့ တီထွင်မှုတစ်ရပ်လို့ထင်ခဲ့ပါတယ်…တစ်ညမှာ ကျနော် ကျနော့်သူငယ်ချင်းအိမ်မှာ ၀ိုင်းကောင်းနေတုန်း သူ့ဆီကနေ ဖုန်းဝင်လာတယ်…“ရှင်ဘယ်မှာလဲ… အိမ်မပြန်သေးဘူးလား?”“ကို သူငယ်ချင်းအိမ်မှာ ၀ိုင်းကောင်းနေတယ်…”“ဘယ်တော့ပြန်လာမှာလဲ?”“ခဏနေလောက်ပေါ့…”သောက်စား နေကြတုန်း ဖုန်းသံက ခဏခဏ မြည်နေတယ်…အပြင်မှာ မိုးကလဲ အကြီးအကျယ် ရွာချနေတယ်… ဖုန်းသံက မြည်ပြန်ပြီ…“တော်တော်ရှုပ်တာဘဲ… သူငယ်ချင်းအိမ်မှာ ပါဆို… မိုးဒီလောက်ရွာနေတာ ဘယ်လိုပြန်ရမှာလဲ?”“အခုဘယ်နားမှာလဲ… လာကြိုမယ်လေ…”“မလိုဘူး…”သူငယ်ချင်းတွေက ကျနော့်ကို ပျက်ရယ်ပြုလာကြပြီ… စိတ်တိုတိုနဲ့ ဖုန်းကို ပိတ်ပစ်လိုက်တယ်…မိုးလင်းပြီ… လေးလံတဲ့ခန္ဓာကိုယ်ကို သယ်ပြီး အိမ်ပြန်လာခဲ့တယ်…မထင်မှတ်ထားတာက အိမ်တံခါးက သော့ခတ်ထားတယ်… တံခါးဘယ်လောက်ခေါက်ခေါက် အထဲက ဘာတုန့်ပြန်မှုမှ မလာဘူး…အဲဒီအချိန်မှာ ဖုန်းသံမြည်လာတယ်…ယောက်ခမဆီကပါ…“သူ မနေ့ညက စက်ဘီးစီးပြီး ထီးယူပြီးတော့ မိုးရွာနေတာကိုမရှောင်ဘဲ မင်း သူငယ်ချင်းအိမ်ကိုသွားခဲ့တယ်… သူ့ဆီကို တိုက်ရိုက်ဦးတည်လာတဲ့ ကားကိုရှောင်လိုက်တာ… ဆောက်လုပ်ရေးက ဖောက်ထားတဲ့မြောင်းထဲကျသွားတယ်… သူ ပြန်မနိုးလာတော့ဘူး…”ကျနော်ရုတ်တရက် ထူပူသွားတယ်… မြေကြီးပေါ်ကို ထိုင်ချမိလိုက်တယ်…ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မဖတ်ရသေးတဲ့စာတစ်စောင်ဝင်နေတယ်…“ရှင်မေ့နေပြီနော်… ဒီနေ့ဟာ ငါတို့ရဲ့မင်္ဂလာဆောင်နှစ်ပတ်လည်နေ့လေ…ရှင့်ကိုလာခေါ်မယ်… လျှောက်မသွားနဲ့တော့နော်… ထီးယူလာခဲ့မယ်…”သူထွက်သွားပါပြီ… ကျနော့်ကိုလာရှာတဲ့လမ်းမှာပါ…သူထာဝရ ပြန်မနိုးလာတတ်တော့ပါဘူး…ကျနော် စာကိုထပ်ခါထပ်ခါဖတ်နေမိတယ်… မျက်ရည်တွေက အဆက်မပျက်ပါဘဲ…အဲဒီညမှာ ကျနော် လောကတစ်ခုလုံးကို အရှုံပေးခဲ့လိုက်ရပါတယ်…

Credit To Zane




သတင်းချစ်သူ - ဝေဟင် ...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map