Thursday, August 15, 2013
ဒိုင်လူကြီးများ၏ ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမားများနှင့် ယှဉ်နိုင်ပြီး ဒိုင်လူကြီး အများစုသည် ၎င်းတို့ တာဝန်ယူရသည့် ပွဲစဉ်များတွင် ကစားသမား အများစုထက် ပိုမို၍ ပြေးလွှားနေခဲ့ကြောင်းလည်း ယင်းစစ်တမ်း ရလဒ်များက ဆိုသည်
ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဒိုင်များ၏ ပျမ်းမျှ စွမ်းဆောင်ရည်များကို တွက်ချက် လေ့လာကြည့်ရာ အထင်ကြီးလောက်စရာ အခြေအနေမျိုး ရှိနေခဲ့ကြောင်း သိရှိရသည်။ ဒိုင်လူကြီးများ၏ ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမားများနှင့်ယှဉ်နိ
(၂၀၁၂-၁၃) ဘောလုံးရာသီ တစ်ခုလုံး ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများ၏ လူကျွံဘော သတ်မှတ်ချက်များသည် (၉၉)ရာခိုင်နှုန်း မှန်ကန်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ရာသီသိမ်း အနှစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဒိုင်လူကြီးများသည် ပွဲတစ်ပွဲတွင် အားစိုက်ပြေးမှုပျမ်းမျှ (၁၇၆)ကြိမ်မျှ ပြုလုပ်လေ့ ရှိကြောင်း တွေ့ရသည်။ ယင်းမှာ တစ်နာရီလျှင် (၂၀)ကီလိုမီတာအထက် နှုန်းမျိုးဖြင့် ပြေးခြင်းကို တိုင်းတာထားခြင်း ဖြစ်သည်။ ကစားသမားများ၏ ပွဲတစ်ပွဲတွင် ပျမ်းမျှအားစိုက် ပြေးလွှားမှုသည် (၁၇၅)ကြိမ်သာ ရှိသည်။
ပရီးမီးယားလိဂ် နာမည်ကျော် ဒိုင်တစ်ဦးဖြစ်သည့် အသက်(၅၀)အရွယ် ဖီးဒေါက်သည် ခန္ဓာကိုယ် ဝဖြိုးမှုကြောင့် ဝေဖန်မှုများ ကြုံခဲ့ရဖူးသော်လည်း ယခုအခါ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သည့် အားထုတ်မှုများကြောင့် ကိုယ်ရည်စစ်ကာ တောင့်တင်းကြံ့ခိုင်နေသည်။ ဒိုင်လူကြီးများသည် ပင်နယ်တီ ဧရိယာအတွင်း ဆုံးဖြတ်ရသည့် အခြေအနေများတွင်လည်း (၉၈.၆)ရာခိုင်နှုန်း မှန်ကန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ အချက်တွင် ပြစ်ဒဏ်ဖြစ်သင့်လျှက်နှင့် လွဲချော်သွားသည်များ မပါဝင်ချေ။ ပြီးခဲ့သည့် ရာသီက ဒိုင်လူကြီးများ၏ အဝါကတ် အသုံးပြုမှုတွင် (၃၃) ရာခိုင်နှုန်းနှင့် အနီကတ် အသုံးပြုမှုတွင် (၂၁)ရာခိုင်နှုန်း ကျဆင်းသွားကြောင်းလည်း စစ်တမ်းကဖော်ပြထားသည်။
အေးချမ်းမွန်.................မှ


0 comments:
Post a Comment