<div style='background-color: none transparent;'></div>

Home » » မန်ယူ လူငယ် ကစားသမား Januzaj နှင့် အင်တာဗျုး

မန်ယူ လူငယ် ကစားသမား Januzaj နှင့် အင်တာဗျုး



 မေး-ခင်ဗျားရဲ.အသက်ဟာ ၁၈နှစ်ဘဲရှိသေးပေမဲ့ ခင်ဗျားဟာ ယူနိုက်တက်
Reserves Player of the Year ဆုကိုရရှိခဲ့ပြီးပြီဖြစ်သလို ယူနိုက်တက်ရဲ. ရာသီကြိုခြေစမ်းပွဲမှာ လိုက်ပါခွင့်ရခဲ့တဲ့ ယူ-၂၁ရဲ. ကစားသမားတွေထဲမှာတစ်ဦးအပါအ၀င်ဖြစ်ခဲ့တယ်။

ခင်ဗျားရဲ. ယခုလို အံအားသင့်ဖွယ်ကောင်းလောက်အောင် ခြေစွမ်းတိုးတက်လာတဲ့အပေါ်
မှာ ခင်ဗျား အံသြသင့်မိသလား။

ဖြေ- ကျွန်တော်ဟာ ယခုလိုခြေစွမ်းကောင်းမွန်လာဖို. အပြင်းအထန်လေ့ကျင့်
ခဲ့ရပါတယ် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော်ဟာ ဒဏ်
ရာတွေနဲ.ဘဲ ရုံးကန်ခဲ့ရတာကြောင့် ကျွန်တော်ဘာတွေလုပ်ပြနိုင်သလဲဆိုတာ
ကိုသက်သေပြခွင့် မရရှိခဲ့ပါဘူး ဒါကြောင့် မနှစ်ကတော့ ကျွန်တော် သက်သေပြနိုင်ဖို. အကောင်းဆုံးကြိုးစားပြီး လေ့ကျင့်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဟာ ပွဲထွက်ခွင့်ရရှိ

တာကြောင့် အတွေ.အကြုံရရှိခဲ့ပြီး တော်တော်များများကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။
ကျွန်တော့်မှာအခုဆိုရင် အသင်းကြီးအတွက်ကစားခွင့်ရမဲ့ ကျောနံပါတ်တစ်ခု
ရရှိခဲ့ပါပြီ ဒါဟာ ကျွန်တော့်ကိုအလွန်ပျော်ရွှင်စေပြီး ယခုထက်ပိုမိုကြိုးစားဖို.
ခွန်အားတစ်ခုဖြစ်စေပါတယ်။

မေး- ခင်ဗျားဟာ ကွဲပြားတဲ့နေရာမျိုးစုံမှာကစားခဲ့ပါတယ် ဒါပေမဲ့ ခင်ဗျားအတွက်အကောင်းဆုံး ခြေစွမ်းပြနိုင်မဲ့နေရာဟာ ဘယ်နေရာမျိုးလို.
ခင်ဗျားထင်လဲ။


ဖြေ- ဟုတ်ပါတယ်။ကျွန်တော်ဟာ နေရာစုံမှာကစားနိုင်ဖို.ကြိုးစားခဲ့ပြီး အသင်းအတွက် နေရာစုံမှာကစားကာ ခြေစွမ်းပြသနိုင်ဖို. ကြိုးစားခဲ့ပါတယ်။
ကျွန်တော့်အနေနဲ. ကွင်းလယ်ကစားသမားအဖြစ် သို. တောင်ပံကစားသမား
အဖြစ်ကစားချင်ပါတယ်။ဒါပေမဲ့ ကျွန်တော့်ရဲ.အဓိက ရည်မှန်းချက်က အသင်းကြီးမှာ ပါဝင်ကစားရဖို.အတွက် ယခုထက်ပိုမိုကြိုးစားဖို.ပါဘဲ ဘယ်နေရာမှာကစားရ ကစားရအရေးမကြီးပါဘူး

မေး-ခင်ဗျားအနေနဲ. အသင်းကြီးမှာ ကစားခွင့်ရဖို.အတွက် ခင်ဗျားရဲ. အခွင့်
အရေးဟာ တောင်ပံမှာကစားဖို.လို. ထင်သလား
 

ဖြေ-မထင်ပါဘူး။ကျွန်တော်ဟာ ရွန်းရဲ.နောက် နောက်ချန်တိုက်စစ်မှူးအဖြစ်
ကစားနိုင်သလို အန်ဒါဆန်နေရာမှာလဲကစားနိုင်ပြီး တောင်ပံမှာလဲ အကောင်းဆုံးကစားနိုင်ပါတယ်။မနှစ်က ကျွန်တော်ဟာ အရံအသင်းအတွက်
တိုက်စစ်ကစားသမားအဖြစ်ကစားပေးပါတယ်။ကျွန်တော်ဟာ အသင်းအတွက် ဘယ်လိုနေရာမျိုးမှာမဆိုကစားပေးနိုင်ပြီး အကောင်းဆုံး
ခြေစွမ်းနဲ.အသင်းကိုကူညီဖို. ရည်မှန်းထားပါတယ်။

မေး-ဆာအဲလက်စ်က ခင်ဗျားကို ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်အဖြစ်
ထင်မှတ်ထားတယ်။ခင်ဗျားကို ဆာအဲလက်စ်က ဘယ်လိုသင်ကြားပြသမှုတွေ
ရှိခဲ့သလဲ။
 

ဖြေ-အလုပ်ကိုကြိုးစားပါ။မင်းအနေနဲ. အသင်းကြီးမှာ ကစားခွင့်ရချင်တယ်
ဆိုရင် မင်းလုပ်ရမဲ့တစ်ခုတည်းသောအလုပ်က လေ့ကျင့်ခန်းမှာရော ပွဲစဉ်တွေမှာရော အပြင်းအထန်ကြိုးစားကစားဖို.ဘဲ။ဒီလိုဆိုရင် မင်းဟာ
professional ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်။ဒီလိုဖြစ်လာဖို.အ
ရေးကြီးဆုံး အချက်က အပြင်းအထန်ကြိုးစားဖို.ဘဲလိုတယ်လို. ပြောပါတယ်။

မေး-ခင်ဗျားဟာ အခုဆိုရင် ယူနိုက်တက်ရဲ.ရာသီကြိုခြေစမ်းပွဲတွေမှာ ပွဲထွက်
ကစားခွင့်ရရှိခဲ့တယ်။ခင်ဗျားအနေနဲ.ဘောလုံးအားကစားရဲ.အရေးကြီးတဲ့ အကြောင်းအရာဟာ ဘာလို.ခင်ဗျားထင်သလဲ။

ဖြေ-ကျွန်တော်ဟာ ဘောလုံးကစားရတာကိုကြိုက်နှစ်သက်တယ်။နောက်ပြီး
ကျွန်တော်ဟာ ဘောလုံးကန်ပါတယ်။အခုတော့ ကျွန်တော့်မှာ နောက်ထပ်အလုပ်
တစ်ခုရှိလာပြီ အဲဒါကတော့ တစ်ဖက်အသင်းရဲ.တိုက်စစ်ဆင်မှုတွေကို ဟန်.တားဖို.ပါဘဲ။ခင်ဗျားအနေနဲ. အသင်းအတွက် ကူညီပေးချင်တယ်ဆိုရင်

'ခင်ဗျားဟာ တိုက်စစ်မှူးဖြစ်ပါစေ နောက်တန်းထိဆင်းပြီး ဖျက်ထုတ်ရမယ်
ခင်ဗျားဟာ အသင်းအတွက် ဘယ်လိုကိစ္စမျိုးကိုမဆို လုပ်ဆောင်ဖို. အဆင်သင့်ရှိနေလိမ့်မယ်ဆိုတာကို'ခင်ဗျားသိလာလိမ့်မယ်။ကျွန်တော်ဟာ ကြိုးစားကစားနေတာဟာ အသင်းအတွက် ပေးဆပ်ချင်တဲ့အတွက်ဘဲ။

မေး-ခင်ဗျားရဲ. ယူနိုက်တက်ကစားသမားဘ၀ ရည်မှန်းချက်ကဘာလဲ။
 

ဖြေ-ကျွန်တော်ဟာ အသင်းကြီးမှာ ကစားခွင့်ရဖို.ကြိုးစားနေပါတယ်။ကျွန်
တော်ဟာ ငယ်စဉ်ကတည်းက ဘောလုံးကစားရတာကိုအင်မတန်ကြိုက်နှစ်
သက်ပါတယ်။ကျွန်တော့်ရဲ. ရည်ရွယ်ချက်က professional ကစားသမားတစ်
ယောက်ဖြစ်လာဖို.ပါဘဲ။ဒါကြောင့် ကျွန်တော်ဟာ professional ကစားသမား
တစ်ယောက်ဖြစ်လာဖို. အတွက် ကြိုးစားသွားမှာပါ။



Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map