<div style='background-color: none transparent;'></div>

Home » » ဆွဲကြိုးလုယူထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး

ဆွဲကြိုးလုယူထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး




၂၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် မသန်းရွှေရည်၊ (ဘ)ဦးမိုး
အောင်၊ (၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူသည် ညီမဖြစ်သူနှင့်
အတူ မီးခွက်ဈေးမှ နေအိမ်သို့ပြန်လာစဉ် (၉)ရပ်ကွက်၊ လှိုင်သီရိလမ်း
တွင်လူတစ်ဦးမှနောက်ဘက်မှလိုက်လာပြီး၎င်း၏လည်ပင်းတွင်ဆွဲထာ
သော (၁)ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဘိုး(၆၅၅၀၀၀)ကျပ်နှင့်
ညီမဖြစ်သူ၏လည်ပင်းတွင် ဆွဲထားသော(၅)မူးသားခန့်ရှိ ရွှေဆွဲကြိုး
(၁)ကုံး၊ တန်ဘိုး (၃၈၀၀၀၀)ကျပ်တို့အား နောက်မှ ဆွဲဖြတ်ယူကာ
ထွက်ပြေးသွားသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရာပတ်ဝန်းကျင်ရှိ
ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဆွဲကြိုးလုယူ
ထွက်ပြေးသူအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် ဆွဲကြိုးလုယူထွက်ပြေးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊
ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာနေ ရဲနိုင်၊(၂၁)နှစ်၊(ဘ)ဦးတင်ဦ
ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။ ၎င်းတရားခံရဲနိုင်အားအရေးယူပေး
ပါရန် မသန်းရွှေရည်မှတိုင်တန်းခဲ့၍ သောင်ကြီးနယ်မြေရဲစခန်း (ပ)၄၂၀/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
 
အေးချမ်းမွန်.................
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map