<div style='background-color: none transparent;'></div>

Home » » သြဂုတ် ၁၂ ရက် မွေးနေ့ရှင် စန္ဒီမြင့်လွင် နဲ့အတူ မွေးနေ့ကိတ် ခွဲကြမယ့်သူများ ===================================

သြဂုတ် ၁၂ ရက် မွေးနေ့ရှင် စန္ဒီမြင့်လွင် နဲ့အတူ မွေးနေ့ကိတ် ခွဲကြမယ့်သူများ ===================================





စန္ဒီမြင့်လွင်က သူ့ရဲ့မွေးနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ရှော့ခ်ဗီစီဒီ (သို့) ဆေးရောင်လှလှခြယ်ရအောင် ဗီစီဒီအခွေ ကာဗာမူရင်းနဲ့အတူ လိပ်စာကို ပရိသတ်တွေပေးပို့နိုင်ပြီး ပရိသတ် အယောက် ၂ဝ ကို ရွေးချယ်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံမှာ ဖြစ်ကြောင်း သိရပါတယ်။

ပရိသတ်နဲ့တွေ့ဆုံဖို့အတွက် စီစဉ်ဖြစ်ခဲ့ပုံကို စန္ဒီမြင့်လွင်က..”ပရိသတ် အယောက် ၂ဝ ရွေးမှာပါ။ ဟိုတယ်တစ်ခုခုဖြစ်ဖြစ်၊ သီချင်းဆိုလို့ရတဲ့နေ ရာဖြစ်ဖြစ် ပရိသတ်ရယ်လို့မဟုတ်ဘူး။ သူငယ်ချင်း လိုမျိုး ကိုယ့်သီချင်းတွေရော သူတို့ ဘာကြိုက်လဲ၊ ကျောင်းသားဆို လည်း ကျောင်း သား၊ အနုပညာလုပ်ဖို့ စိတ်ဝင်စားတယ်ဆိုလည်း စိတ်ဝင်စား တယ်ပေါ့။ သူတို့နဲ့ စကားတွေ အပြန်အလှန်ဖလှယ်ချင်တယ်။ သူတို့ လည်း ကိုယ့်ကို အကြံပေး၊ ကိုယ်လည်း ရှေ့ဆက်လုပ်မယ့် အနုပညာ အကြောင်းတွေ ကို ပြောမယ်။ သူတို့နဲ့အတူတူ ကိတ်မုန့်ခွဲချင်တယ်။ အနုပညာသမား သူငယ် ချင်းတွေတော့ ခေါ်ဖြစ်မလား၊ မခေါ်ဖြစ် မလားတော့ မသိဘူး။ အဲဒီလို ပရိသတ်နဲ့ ရင်းရင်းနှီးနှီးတွေ့တာ တစ်ခါမှ မရှိသေးဘူး။ ဒီးဒီရဲ့ ရှော့ခ်ထဲက သီချင်းတွေကို ပရိသတ်တော်တော်များများ အားပေးတဲ့အတွက်ကြောင့် တအားဝမ်းသာတယ်။ အဲဒီအတွက် ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့လုပ်တာပါ။ ကိုယ့်သီချင်းတွေကို တကယ်ကြိုက်တဲ့ ပရိသတ် ဟုတ်လား။ သူတို့ရော ကိုယ့်သီချင်းကို ဘယ်လောက်အတိုင်းအတာထိ ကြိုက်လဲ။ သူတို့နဲ့ အတွေ့ အကြုံတွေလည်း ဖလှယ်ချင်တယ်။ ဆယ်ကျော် သက်တွေဆိုရင်ကိုယ် ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ ဘယ်လိုကြိုးစားခဲ့ရလဲ ဆိုတာ သူတို့ကိုပြောချင် တယ်။ သူတို့မှာ အားတွေလိုအပ်ရင်လည်း အားပေးချင်တယ်” လို့ပြောပါတယ်။ စန္ဒီမြင့်လွင်ထံ ပေးပို့ရမယ့် လိပ်စာကတော့ ဝိဇ္ဇာလမ်းသွယ်၊ အိမ်နံပါတ်- ၅၄၅၊ ကိုးမိုင်၊ မစိုးရိမ် လမ်းကို ဇူလိုင်လကုန်နောက်ဆုံး ထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။

လတ်တလောမှာ စန္ဒီမြင့်လွင်က သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး..” အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပါတယ်။ ကိုယ့် ပုံစံနဲ့လည်း ကိုက်တယ်။ ကိုယ်နဲ့လည်း စိတ်တူကိုယ်တူပေါ့။ တအား နုနွဲ့နေရင်လည်း မကြိုက်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝရှိဖို့ တအားလိုအပ်ပါတယ်။လက်ရှိရထားတဲ့ အချစ်ရေးက ကောင်းပါတယ်” လို့ ပြောပါတယ်။ တတိယ တစ်ကိုယ်တော် အခွေကို လည်း စီစဉ်နေပြီဖြစ် ပြီး ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ - ကိုလင်း ( Studio K )

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map