<div style='background-color: none transparent;'></div>

Home » » အမေရိကန်ဒေါ်လာ ၃၃ သန်းတန် တစ်စီးတည်းသော ရွက်လှေ WallyPower

အမေရိကန်ဒေါ်လာ ၃၃ သန်းတန် တစ်စီးတည်းသော ရွက်လှေ WallyPower




အမေရိကန်ဒေါ်လာ ၃၃ သန်းတန် စက်တပ် ရွက်လှေကို မိုနာကိုနိုင်ငံမှ Wally Yachts ကုမ္မဏီမှ ၂၀၀၄/၀၅ ဆန်ဖရန်စစ္စကို ဗိသုကာပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

စက်တပ်ရွက်လှေဖြစ်တဲ့အတွက် မြင်းကောင်ရေအား ၅၆၀၀ hp ထုတ်လုပ်နိုင်တဲ့ ဂက်စ်တာဘိုင်အင်ဂျင် သုံးလုံး နဲ့ မောင်းနှင်ပြီး မြင်းကောင်ရေ ၃၇၀ hp အထိ ထုတ် လုပ်နိုင်တဲ့ ဒီဇယ်အင်ဂျင်လည်း ပါဝင်ပါသေးတယ်။ ကမ္ဘာပေါ်မှာ တစ်စီးပဲရှိသေးတယ်လို့ ဆိုပါတယ်။ ဝယ်ယူသူ ရှိမှ ဖန်တီးပေးတဲ့ ရွက်လှေ အပျော်စီး သင်္ဘောဖြစ်ပါတယ်။

သင်္ဘော ကိုယ်ထည်အစိတ်အပိုင်းအများကို ဖိုက်ဘာသတ္တု၊ ဖိုက်ဘာဖန်သတ္တုတို့နဲ့ တည်ဆောက်ထားတဲ့ အတွက် အလေးချိန် ၉၅ တန်ပဲရှိပါတယ်။ သဘောင်္ပေါ် လူ ၁၂ ဦး အတွက် နေရာထိုင်ခင်း အပြည့်အစုံ ပါဝင်ပါတယ်။ ချက်ပြုတ်ခန်း၊ စားသောက်ခန်း၊ ရွက်လှေထိန်းချုပ်ခန်း၊ စက်ခန်း၊ ဧည့်ခန်းအစရှိသဖြင့် ကျကျနန ခွဲခြားထား ပေးပါ တယ်။ ၁၁၈ ပေရှည်တဲ့ ရွက်လှေအတွင်း မှာ ခေတ်မှီစက် ကိရိယာ အပြည့်အစုံ တပ်ဆင် ပေးထားပါတယ်။ Plasma တီဗီ ၆ လုံတပ်ဆင်ထားပါတယ်။ စာသောက်ခန်းအနေနဲ့ သင်္ဘောရဲ့အမြင့်ဆုံး အပိုင်းမှာ ထားရှိပြီး ဘေးဘယ်ညာ ၃၆၀ ဒီဂရီ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောဝမ်းဗိုက်ကို ဖိုက်ဘာဖန်သားနဲ့ ပြုလုပ်ထားပါတယ်။ အကြမ်းခံပြီး ပေါ့ပါးရန်ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၇၀ မောင်းနှင်နိုင်ပြီး ဆီစားနှုန်း ကတော့ တစ်နာရီ ဂါလံ ၉၀၀ ဖြစ်ပါတယ်။ ဆီသိုလှောင်နိုင် အားကတော့ လီတာ ၂၂၀၀၀ ရှိပါတယ်။

ဂက်စ်တာဘိုင်မတပ်ပဲ ဒီဇင်အင်ဂျင်နှစ်လုံးတပ်မယ်ဆိုရင် သင်္ဘောရဲ့ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၂ သန်းသာ ကုန်ကျမှာ ဖြစ်ပါတယ်။ သူဌေးများအတွက် ရည်ရွယ် ထုတ်လုပ် ထားတဲ့ ယင်း ရွက်လှေကို 118 WallyPower လို့အမည်ပေးထားပါတယ်။

မှာယူသူရှိမှသာ တည်ဆောက်ပေးတဲ့အတွက် လက်ရှိ ကမ္ဘာပေါ်မှာ တစ်စီးသာ ရှိပါသေးတယ်။ ယင်းတစ်စီးကို ၂၀၀၄-၀၅ ဆန်ဖရန်စစ္စကို ဗိသုကာပညာနှင့် ဒီဇိုင်းပြပွဲမှာ Kndakji သူဌေးမိသားစုမှ ဝယ်ယူသွားခြင်း ဖြစ်ပါတယ်။
---
Ref:autoblog

ColayAutomobile

http://www.colay.com.mm/automobile/news/detail/660

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map