<div style='background-color: none transparent;'></div>

Home » » Ytalk ကနေ မလေးရှားရောက် မြန်မာများကို အခမဲ့ ဖုန်းခေါ်ခွင့် လှူဒါန်း နေသူ စမိုင်း

Ytalk ကနေ မလေးရှားရောက် မြန်မာများကို အခမဲ့ ဖုန်းခေါ်ခွင့် လှူဒါန်း နေသူ စမိုင်း



သရုပ်ဆောင်၊ အဆိုတော် စမိုင်းက မလေးရှားနိုင်ငံရောက် အကူအညီလို မြန်မာလူမျိုးများကို တစ်ထောင့်တစ်နေရာကနေ ပါဝင် လှူဒါန်းခဲ့ပါ တယ်။အလှူဒါနဲ့ ပတ် သက်ပြီးစမိုင်းကိုမေးကြည့်တဲ့ အခါမှာ..

”အလှူက သေးသေး လေးပါ။ သေးပေမယ့် တစ်စိတ် တစ်ပိုင်း ကနေ ပြည်သူတွေအတွက် ပါဝင်လှူခွင့် ရလို့ကျေနပ်တယ်။ အဓိက လှူတာ ကတော့ မလေးရှားမှာ ဒုက္ခရောက် နေတဲ့ မြန်မာလူမျိုးတွေ ကိုအိမ်က မိသားစုတွေနဲ့ ဆက်သွယ်နိုင်အောင် အစ်မတို့ Ytalk ကနေ ဇွန် ၁၃ရက် ကနေစပြီးလကုန်တဲ့အထိ မလေးရှား ကို အခမဲ့ ဆက်သွယ်စကားပြော ခွင့်ပေးတယ်။အခြားလူတွေလို

သိန်းရာချီ၊ထောင်ချီမလှူနိုင်ဘူး လေ။ မလေးရှားဖုန်းခေါ်ဆိုခက ဈေးကွက် ကောင်းတယ်။အစ်မတို့ သိပေမယ့် အခုကာလမှာ အစ်မသာ ဈေးနှုန်းနဲ့ ကောက်ယူရင် မတတ်နိုင် တဲ့သူတွေ စိတ်ဒုက္ခရောက်ကြမှာ လေ။ဒါ ကြောင့် အစ်မတို့လင်မယား နှစ် ယောက် တိုင်ပင်ပြီး လှူဖြစ်သွား တာ။ အဓိကလှူတဲ့ဆိုင်က ဗဟန်းနဲ့ ကျောက်ြေ မာင်းဆိုင်ကြိုက်သ လောက်ဆက်၊ ကြိုက်သလောက် ပြော အစ်မတို့ လှူတဲ့အတွက် အချိန် လည်းမကန့်သတ်ဘူး။ တစ်နေ့ညက ကိုယ်တိုင် သွား ကြည့်တာ အစ်မလေ မျက်ရည်တောင်ကျတယ်။ တအား စိတ် မကောင်းဖြစ်သွားတာ။ သူတို့ တွေ တန်းစီပြီးတော့ကို လာနေကြ တာ။

တချို့ဆို ၅ဝ- ၆ဝ တောင် ကျော်နေကြပြီ။ သူတို့မြေးတွေဆီက ဆက် တာဖြစ်မှာပေါ့။ အစ်မလှူလိုက် တာ အကျိုးအမြတ်တစ်ခုခု ပြန်ရပါ စေဆိုပြီး လှူတာ မျိုးမဟုတ်ဘဲ ငါသာ အဲဒီ သူတို့နေရာမှာနေရင်ဆိုတဲ့ ကိုယ်ချင်း စာစိတ်နဲ့ လှူလိုက်မိတာ အခု ပီတိဖြစ်တယ်။ တချို့အဘိုး၊အဘွားတွေ အသံတိုးေ တာ့ အော် ပြောကြတာ၊ မျက်ရည်တွေဝဲကြတာ။ အစ်မရင်မှာ တော်တော်ခံစားမိတယ်။ အစ်မတို့မိသားစု လှူရကျိုးနပ်ပြီ။ ဒီလောက်အထောက် အကူဖြစ်လိုက် မယ်လို့လည်းမထင်ထားခဲ့ဘူး။ အစ်မတို့မိသားစု ဒီပြည်သူတွေ အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ပီတိ ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map