<div style='background-color: none transparent;'></div>

Home » » ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ထဲမှရင်နင့်ဖွယ် အပြန်ခရီးနှင့် အပူမီးကို ငြိမ်းသူများ

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ထဲမှရင်နင့်ဖွယ် အပြန်ခရီးနှင့် အပူမီးကို ငြိမ်းသူများ

မြင်ကွင်း ထဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၏ လေဆိပ် ဆိုက်ရောက် ဧရိယာ ထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည် ရောက်ရှိ လာကြသော မိမိတို့၏ မိသားစု ဝင်များအား ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက် ပျော်မြူး နေကြသော မိသားစု ဝင်များ၏ ပျော်ရွှင်ဖွယ်ရာ မြင်ကွင်း လေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေး ကူးစက်၍ ပျော်ရွှင်ကြည်နူး သလို ခံစား မိပါသည်။
အော်…“သွားလမ်း သာ၍ လာလမ်းဖြောင့် ကြသူများ ပါတကား” ဟုတွေးမိ သလို အခြားတဖက် လူမသိ သူမသိလေ ဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာ နေရာ ညောင်ပင်အိုကြီး၏ အရိပ် အောက်ရှိ လေဆိပ်သုံး ထော်လီ တစ်စင်းပေါ်တွင် အထပ်ထပ် ထုတ်ပိုး ထားသော အခေါင်းသေတ္တာ တစ်လုံးနှင့် အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစု တစ်စု အော်… “သွားလမ်း သာခဲ့ပေမယ့် ရင်နင့်ဖွယ် အပြန်ခရီး” နဲ့ မိသားစု ဝင်တွေ မျက်ရည် တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်း ကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲ စေခဲ့လေ ပြီ။

ထိုမြင်ကွင်း လေးအား ဘယ်သော အခါမှ မေ့နိုင်တော့မည် မဟုတ် တော့ချေ။ ၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည် သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့် ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သား သမီး နာရေး ကူညီမှု အသင်း(မလေးရှား)မှ လူမှုရေး သမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင် ကူညီပေး ခဲ့သည်။
ယင်းနေ့ နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ကွယ်လွန်သူ၏ နေရပ် ဇာတိဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်း ကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေး သမားများ တို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်း သယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစု ဝင်များ၏ အပူမီးအား မျှဝေခံစား ခဲ့ကြသည်။
ယခု ကဲ့သို့သော ပြည်ပနိုင်ငံ များတွင် မြန်မာနိုင်ငံ၏ သားကောင်း ရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့် ရခြင်းသည် မိသားစု အတွက် ကြီးမားသော ဆုံးရှုံး မှုဖြစ်သလို တိုင်းပြည် အတွက်လည်းများစွာ နစ်နာ ခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာ အပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေး သမားများ အနေဖြင့် မိသားစု၏ အပူမီးကို မျှဝေ ခံစားရင်း မိသားစုနှင့် အတူ ထပ်တူ ထပ်မျှ ဝမ်းနည်း ကြေကွဲခဲ့ ရတော့သည်။ ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ် အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်း နိုင်ကြ ပါစေ။ 

yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map