<div style='background-color: none transparent;'></div>

Home » » ဟောင်ကောင် မင်းသမီး ကိုယ်တိုင်ရိုက်တဲ့ "So Young"

ဟောင်ကောင် မင်းသမီး ကိုယ်တိုင်ရိုက်တဲ့ "So Young"


” So Close” ဇာတ်ကားမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် နေတတ်သူ တစ်ဦးနေရာက သရုပ်ဆောင် ခဲ့တဲ့ ဟောင်ကောင် မင်းသမီး ကျောက်ဝေးက “So Young” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ပထမဆုံး တာဝန်ယူ ရိုက်ကူးခဲ့ပါတယ်။

ပထမဆုံး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့ပေမယ့် စိတ်ရှည် သည်းခံပြီး ရှုတင် အဖွဲ့သားများကို အလေး ထား ဆက်ဆံခဲသူ ဖြစ်ကာ အလုပ်ကို ကြိုးစားသူ တစ်ဦးဖြစ် တယ် လို့သူတို့က ဆိုပါတယ်။ “So Young” ရုပ်ရှင် ဇာတ်ကား နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ကျောက်ဝေးက “ထုတ်လုပ်သူ စတန်လီကွမ်းက အဖွဲ့သား အားလုံး အပေါ်မှာ ကောင်းတယ်။

ဒီကားက ကျွန်မ ကိုယ်တိုင် ရိုက်တဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဆို တော့ စိတ်ဖိစီးမှုတွေ အများကြီး ရှိတယ်။ သူက ကျွန်မ ကို အကြံဥာဏ် ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ကူညီပေးခဲ့တယ်၊ စီးပွားရေး အရ အောင်မြင်မှု အပိုင်းကို ဖိအား မပေးခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။ ဒီဇာတ်ကား ကို တရုတ် နိုင်ငံမှာ ရုံတင်ပြသခဲ့ရာ အမေရိကန် ဒေါ်လာ ၁၁၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map