<div style='background-color: none transparent;'></div>

Home » » "မြန်မာနိုင်ငံမှာ ပထမဆုံးနည်းပညာ DCP 5.1 နဲ့ ရိုက်ကူး ထားတဲ့ ပန်းကြာဝတ်မှုန်ရုပ်ရှင်ဇာတ်ကားအကြောင်း"

"မြန်မာနိုင်ငံမှာ ပထမဆုံးနည်းပညာ DCP 5.1 နဲ့ ရိုက်ကူး ထားတဲ့ ပန်းကြာဝတ်မှုန်ရုပ်ရှင်ဇာတ်ကားအကြောင်း"



ချင်းတွင်းရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်ပြီး ဝတ္ထု ခင်ခင်ထူး၊ နေဝင်းမြင့်ရဲ့ ဇာတ်ညွှန်းကို ရဲ အောင်၊ နိုင်းနိုင်း၊ ဖြိုးငွေစိုး၊ မင်း ထက်ကျော်ဇင်၊ စည်သူမောင်၊ ကျော် ကျော်ပိုင်မှူး၊ သက်မွန်မြင့်၊ ခင်လေး နွယ်၊ မေကဗျာ၊ သင်းသင်းယုလှိုင်၊ ဟေမာန်အောင်အောင်၊ သီရိရှင်း သန့်စတဲ့ သရုပ်ဆောင်များပါဝင်ကာ ဒါရိုက်တာစင်ရော်မောင်မောင် ခံ စားရိုက်ကူးထားတဲ့ ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ ခေတ်၃ခေတ်ဖြစ်တဲ့ ၁၉၅၆၊ ၁၉၈ဝ၊၂ဝ၁၁ခုနှစ်တွေနဲ့ ပုဂံဒေသ မှာရှိတဲ့ ရှေးဟောင်းအမွေ အနှစ် စေတီပုထိုးများ၊ လွမ်းမော ဖွယ်ရာ ရှမ်းတောင်တန်းကြီး၊ပန်းမြို့တော်လို့ တင်စားရတဲ့ ပြင်ဦးလွင်၊ မင်းကွန်း ခေါင်းလောင်းကြီး၊ ဦးပိန်တံတားကြီး၊ မန္တလေး၊မြင်းခြံ၊ ကလောဒေသက ရှုခင်းများကို ခံစားကြည့်ရှုကြရမှာဖြစ် ပါတယ်။ Subtitle, Digital Sound System, Music, Sound Effect တို့နဲ့ ဇာတ်ကား ထုတ်လုပ်မှုအဆင့် ဆင့်ကို ထိုင်းနိုင်ငံ Technicolor (Thailand) Co;Ltd မှာပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ခံစားပုံဖော်ထားတဲ့
ဒါရိုက်တာစင် ရော်မောင်မောင်က “Hard Disk စနစ်နဲ့ပြတဲ့ ရုပ်ရှင်စနစ်ကို ဇွန် ၁၄ ရက်နေ့မှာ ရန်ကုန်မှာ ၄ရုံ၊မန္တလေး မှာ ၃ရုံပြမယ်။ DCP 5.1 နဲ့ မြန်မာ တစ်နိုင်ငံလုံးမှာပြသမှာပါ။ ရုပ်သံ နည်းပညာတွေ တိုးတက်နေတယ်ဆိုတာသိစေချင်လို့ပြတာ။ ရိုက်ကူးဖို့ အတွက် ၆လလောက်ပြင်ဆင်ခဲ့တယ်။

ရိုက်ကူးပြီး ရုံတင်ဖို့ ၂ နှစ်ခွဲလောက် ကြာခဲ့တာ။ ရိုက်ပြီးပြီးချင်းထိုင်းနိုင်ငံက Technicolor ကုမ္ပဏီမှာ ၂ လ ကြာအောင် နေထိုင်ခဲ့ရတယ်။ အကြိမ်ကြိမ်ရုပ်သံကို အဆင့်ဆင့် လုပ်ခဲ့တယ်။ ကာလာတွေကို မျက် လုံးတစ်လုံး၊နှာခေါင်း၊သစ်ပင်တစ် ပင်ကအစ လေဆာနဲ့ ကာလာဂရိတ် တည်းဖြတ်ပြီး စိတ်ကြိုက်ဖြစ်တဲ့အထိ လုပ်ခဲ့တယ်။ အသံကို တစ်ကားလုံး အတွက် ပါဝင်တဲ့ သရုပ်ဆောင်တွေကို ရက်၂ဝကြာသွင်းခဲ့တယ်။ အဲဒီ အသံကို မကောင်းတာတွေဖြတ်၊ Sound Effect တွေထည့်တယ်။အသံကို အသေးစိတ်ကအစ အားလုံး အဆင့်ဆင့်လုပ်ပြီးတော့Mixing လုပ် တယ်။အခုပရိသတ်ရှေ့ကို အကဲ ဖြတ်ဖို့ရောက်ပြီပေါ့” လို့ပြောပြပါတယ်။

’ပန်းကြာဝတ်မှုန်’ ဇာတ်ကား အင်္ဂလိပ်စာတန်းထိုးပြသတာဖြစ်ပြီး ထပ်မံပြီးလည်း တခြားဘာသာတွေ ကိုလည်း စာတန်းထိုးလုပ်ဖို့ အစီ အစဉ်ရှိေ ကြာင်းကို “အခု အင်္ဂလိပ်စာ တန်းထိုးပြီး နောက်ထိုင်း၊ တရုတ်စာ တန်းထိုးမယ်။ နောက်ထပ်စာတန်းထိုး ဖို့ကအိန္ဒိယနဲ့ဂျပန်လည်းလုပ်ဖို့ရှိတယ်။

ကျွန်တော်ရှိသမျှ ရုပ်ရှင်ပွဲတော်တွေ ကို ဝင်ပြိုင်မယ်။ မြန်မာပြည်က ကား တစ်ကားအနေနဲ့ အဆင့်မီတယ် ဆိုတာ တဖြည်းဖြည်း အသိအမှတ်ပြု ခံရ အောင်လို့ပေါ့။ မြန်မာပြည်က ဒိုင်တွေက အကဲဖြတ်ပြီးပြီလေ။

‘လျှို့ဝှက်သောနှင်း’ အကယ်ဒမီ၇ဆုရခဲ့ တော့ တအားပျော်ခဲ့တယ်။ ပြည့်စုံ တယ်။ ‘တစ်ပြည်သူမရွှေထား’ အကယ် ဒမီရတော့ ကိုယ်က ဆုရခဲ့ပေမယ့် ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို စိတ် မကောင်းဘူး” လို့ ပြောပြခဲ့ပါ တယ်။ ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကား ကို ဇွန်လ၁၄ရက်နေ့မှာ ရန်ကုန်မှာ DCP စနစ်နဲ့ သမ္မတ၊မင်္ဂလာ၊Top Royal (ပါရမီ)မန္တလေးမှာ မင်္ဂလာ၊ ဒိုင်းမွန်း၊ မြို့မတို့မှာ ပြသနေပြီဖြစ် ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map