Home »
သတင်း
» ရန်ကုန်မြို့၊ လမ်းမတော် ၃ ရပ်ကွက်တွင် ရေနံရောနှော ပါရှိနေသည့်ရေများ ထွက်ရှိ
ရန်ကုန်မြို့၊ လမ်းမတော် ၃ ရပ်ကွက်တွင် ရေနံရောနှော ပါရှိနေသည့်ရေများ ထွက်ရှိ

ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ၃ ရပ်
ကွက်၊ ကမ်းနားလမ်းမ၊ ၇ လမ်းနှင့် ကိုင်းတန်းလမ်းကြားတွင် ရေနံရောနှော
ပါရှိသည့် ရေများ ထွက်ရှိနေကြောင်း သိရသည်။
ကားပါကင်နှင့် ပလက်ဖောင်း ပြုလုပ်ရန် မြေတူးဖော်ရာစဉ် ယခုလို
ထွက်ရှိခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
လမ်းတံတားဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာန
လက်ထောက်ဌာနမှူး ဦးမြင့်နိုင်သန်းက ''ရေနံဆီက အများကြီး ထွက်တာတော့
မဟုတ်ပါဘူး။ အပေါ်ယံ လောက်ပါပဲ။ ရေပေါ်ဆီ သဘောမျိုးပေါ့။ အပေါ်ယံလောက်
ပါရင်လည်း အများကြီး မြင်ရတယ်လေ။ ရေနံပိုက်လိုင်းက စိမ့်ထွက်တာလည်း
မဟုတ်ပါဘူး။ အဲဒီ မြေလမ်းကြောင်းမှာလည်း ရေနံပိုက်လိုင်း မရှိပါဘူး။
အရင်တုန်းက အဲဒီနေရာမှာ ဆီဆိုင်လေးတွေ ရှိရင်လည်း ရှိခဲ့မှာပေါ့။
လမ်းဘေးတွေမှာ ပုံးလေးတွေ ထောင်ပြီးတော့ ရောင်းချတဲ့ ဆိုင်လေးတွေပေါ့။
သူတို့က အကြောင်းကြောင်းကြောင့် မြေထဲမှာ မြှုပ်ခဲ့ရတဲ့
ရေနံဆီပုံးလေးတွေကနေ ကွဲပြီး စိမ့်ထွက်တဲ့ သဘောပါပဲ'' ဟု ပြောပြသည်။
ထိုသို့ ရေနံရောနှော ပါရှိသည့် ရေများ ထွက်ရှိခြင်းကြောင့် မီးဘေးအန္တရာယ်
ကြိုတင် ကာကွယ်နိုင်ရန် အတွက် လမ်းမတော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား
နှစ်စီးဖြင့် အသင့်စောင့်ဆိုင်း နေကြောင်း သိရသည်။ ''ကျွန်တော်တို့က
အဲဒီရေနံစိမ့်ထွက်တဲ့ နေရာကို မြေဖို့ပြီးတော့ မီးဘေးအန္တရာယ် အတွက်
စိတ်ချရတဲ့ အချိန်အထိတော့ မီးဘေးကာကွယ်ရေး အတွက် စောင့်ဆိုင်းနေမှာ
ဖြစ်ပါတယ်'' ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ထိုသို့ ထွက်ရှိခဲ့သည့် ရေနံရောနှော ပါရှိသည့် ရေများကို ပီပါပုံးများဖြင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခပ်ယူသယ်ဆောင်ခဲ့ရာ ငါးပီပါ
နီးပါးခန့် ရရှိခဲ့ကြောင်းလည်း သိရသည်။
ရေနံထွက်ရှိသည့် နေရာ၏
ဘေးပတ်ဝန်းကျင်အနီး နေထိုင်သည့်သူ တစ်ဦးကလည်း ''လွန်ခဲ့တဲ့ တနင်္လာနေ့က
စတူးခဲ့တာ။ တူးတုန်းကတော့ ခြောက်သွေ့နေပါတယ်။ နောက်ပိုင်း မိုးရွာလာတော့မှ
အပေါ်ယံ ဆီလေး ကျက်ပြီးတော့ ဆီနံ့လေး နံခဲ့တယ်။ ဒီနေ့ကျမှ ထွက်တာ
တော်တော်လေး များလာတာ'' ဟု ပြောပြသည်။
လွန်ခဲ့သည့် နှစ် ၃၀ ခန့်က
ယခုရေနံ ရောနှောရေများ ထွက်ရှိသည့် နေရာတွင် ယခင်က ပုဂ္ဂလိက ဆီဆိုင်များ
ရှိခဲ့ကြောင်းလည်း အဆိုပါ ၀န်းကျင်တွင် အနေကြာခဲ့သူ တစ်ဦးက ပြောပြသည်။
ရေနံရောနှော ပါရှိနေသည့် ရေများအား ခပ်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
အေးချမ်းမွန်
0 comments:
Post a Comment