<div style='background-color: none transparent;'></div>

Home » » သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂ရရက် က ဩဝါဒမိန့်ကြား

သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂ရရက် က ဩဝါဒမိန့်ကြား

သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂၇ရက် က ဩဝါဒမိန့်ကြားခဲ့သည်။

အင်းစိန်မြို့နယ် မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက်တွင် ကျင်းပသည့် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များဆွေးနွေးပွဲ နှင့် ဩဝါဒခံယူပွဲတွင် သီတဂူဆရာ တော်ကြီးမှ သံဃာ တော်များ သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရာဇဝတ် မှုမှအစပြုခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် သည်းမခံနိုင်ခြင်း ကြောင့် ယခုကဲ့သို့ဘာသာကြီး နှစ်ခုကြား လူမျိုးစုများတွင် ပဋိ ပက္ခများ ဖြစ်ပွားခဲ့ ရခြင်း ကြောင့် ဆရာတော်ကြီးမှ အထက်ပါအ တိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။



သီတဂူဆရာတော် ရှင်ဉာဏိဿရက ''သံဃာတော်တွေက ငြိမ်းချမ်းရေးဖော်ဆောင်သူ (Peace Maker)များ ဖြစ်သင့်တယ်။

ဆူပူမှုတွေကို လှုံ့ဆော်သူတွေတော့ မဖြစ်သင့်ဘူး။ သူများ တိုက်ပေး တိုင်း မြှောက်ပေးတိုင်း ဒေါသမ ထွက်ကြဖို့ ပန်ကြားလိုပါတယ်'' ဟု မိန့်တော်မူသည်။

ဆရာတော်ကြီးက သံဃာ တော်များ သည်းခံခြင်းသည် အ ကောင်းဆုံးဖြစ်ကြောင်း၊ မည်သူ ပြောပြော သည်းခံရမည်ဖြစ်ပြီး မဟုတ်လျှင်မဟုတ်ကြောင်းရှင်းပြ ရမည်ဖြစ် ကြောင်း၊ စသည်တို့သည် လူ့အခွင့်အရေးသာဖြစ်ကြောင်း ထပ်လောင်းမိန့်ကြားခဲ့သည်။

ဖြစ်ပွားခဲ့သည့်ပဋိပက္ခများ သည် မတော်တဆဟုဆိုသော် လည်း ရည်ရွယ်ချက်ရှိရှိလုပ်သ ကဲ့သို့ဖြစ်နေခြင်းကြောင့် လှုံ့ဆော် သူများ၏အသုံးချခံမဖြစ်ရန်၊ သေး ငယ်သည့်ကိစ္စရပ်များအား အ ကျယ်မချဲ့ရန်၊ ဒေါသမဖြစ်သင့် သည့်ကိစ္စများ ဒေါသမဖြစ်ရန်နှင့် ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားနေပါက ငြိမ်းချမ်း ရေးဟူ ၍ ကြားဝင်စေ့စပ်သည့် အဖွဲ့များနှင့် လှုပ်ရှားဆောင်ရွက် သူများသာ အမြတ်ထွက်သွားမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

နန်းသီတာ ၊ ရွှေရည်မဉ္ဇူ
YMG

 MyanmarNewsUpdates
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map